မတ်လအတွင်းကမြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်

မတ်လအတွင်းကမြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အသက်ရှင်ကျန်ရစ်သူ အများအပြားသည် မိုးယိုစိမ့်နေသော တဲများတွင် နေထိုင်နေကြဆဲဖြစ်သည်

မတ်လအတွင်းကမြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အသက်ရှင်ကျန်ရစ်သူ အများအပြားသည် မိုးယိုစိမ့်နေသော တဲများတွင် နေထိုင်နေကြဆဲဖြစ်သည်

မေလ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသအများအပြားကို လှုပ်ခတ်ခဲ့သည့် ငလျင်လှုပ်ခတ်ပြီး နှစ်လအကြာတွင် ပြန်လည်ကောင်းမွန်လာမှုမရှိသေးခြင်းနှင့်အတူ လူအများအပြားသည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုတ်သုံရာသီ၏ လေပြင်းများ ရင်ဆိုင်နေရစဉ် ယာယီတဲများတွင် နေထိုင်နေကြရသည်ဟု AP သတင်းကမေလ ၃၁ရက်တွင်ဖော်ပြသည် ။ မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့်မန္တလေးနှင့်နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုကို သိသိသာသာ ထိခိုက်ပျက်စီးစေခဲ့သည်။ အဆိုပါ သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူ ၃၇၄၀ ရှိပြီး ဒဏ်ရာရသူ ၅,၁၀၄ ဦးရှိကြောင်း အစိုးရပိုင် Global New Light of Myanmar က မေလ ၂၉ရက်နေ့တွင် ဖော်ပြခဲ့သည်။ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမီနီယံ ပြိုကျခဲ့သည့် အပျက်အစီးများမှ ရုပ်အလောင်းလေးလောင်းကို မေလ ၂၈ နှင့် ၂၉နေ့တို့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ၎င်း၏ Facebook စာမျက်နှာတွင် ယခုသီတင်းပတ်တွင် ပြောကြားထားသည်။ ကွန်ဒိုမီနီယံနေရာမှ ရုပ်အလောင်း ၁၀၀ ကျော်ကို ဆယ်ယူရရှိထားပြီး အပျက်အစီးများအောက်တွင် အလောင်းများ ထပ်မံမြုတ်နေသည်ဟု ယူဆရသောကြောင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ချုပ် (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက အေပီသတင်းဌာနသို့ မေ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်။ တရားဝင်ခွင့်ပြုချက်မရှိဘဲ ပြောဆိုခြင်းကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အမည်မဖော်ပြရန်သူက တောင်းဆိုခဲ့သည်။ (more…)
Read More