ထိုင်းနိုင်ငံ ကန်ချနပူရီတွင် မလေးရှား ၌ အလုပ်အကိုင် ရှာဖွေနေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ
ဇွန်လ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စီးပွားရေးကျပ်တည်းမှုနှင့် မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံတွင်မလေးရှား နိုင်ငံ၌အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားများကိုငွေပေးခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု Khao 24 သတင်းစာမျက်နှာကဇွန်လ ၁၂ရက်တွင်ဖော်ပြသည်။ ထိုင်းနိုင်ငံကန်ချနပူရီခရိုင်တွင် မလေးရှား ၌ အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရပြီး သောင်တင်နေခြင်းဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများသည် ကန်ချနပူရီတွင် ဆိုးဝါးသောအဖြစ်မှန်များကို ရင်ဆိုင်နေကြရသည်။Bangkok Post မှ ဖော်ပြသည့် ဇာတ်လမ်းသည် ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟုလည်းသတင်းကဆက်လက်ဖော်ပြသည်။ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တွင် အရှိန်ပြင်းပြင်းဖြင့်ရှာဖွေ စီးနင်းခဲ့ပြီးနောက် ပစ်ကပ်ထရပ်ကားနောက်ဘက်တွင်ပုန်းအောင်းနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား လေးဆယ့်လေးဦး သည်စွန့်ပစ်ခြင်းခံခဲ့ရသည်။ ယင်းတို့သည် မလေးရှားတွင် အလုပ်ရရီမည်ဟုကတိပေးထားသည့် ပွဲစားများကို တစ်ဦးလျှင် ဘတ်ငွေ ၇၅,၀၀၀ ပေးချေခဲ့သည်။ ယင်းအစား တရားမဝင် ခိုးဝင်မှု စွဲချက်များနှင့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်မှုများဖြင့်သာဖမ်းဆီးခြင်းသာခံခဲ့ကြရခြင်းဖြစ်သည်။ သို့သော်လည်းဖြစ်ရပ်မိား၏နောက်ကွယ်တွင်အခပိုပြီးလေးနက်ရှုပ်ထွေးသောအဖြစ်မှန်များ ရှိနေပါသည်။ ၎င်းတို့သည် “တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ” မဟုတ်ကြပါ။ ၎င်းတို့သည် တစ်ဦးချင်းဖြစ်စေ၊ မိသားစုများပင်ဖြစ်စေ ၊ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် အမှန်တကယ်စိတ်အားထက်သန်သောလောင်းကြေးဖြင့် တွက်ချက်ထားသော စွန့်စားမှုတစ်ခုပြုလုပ်ကြသည်။ ထိုသို့သော အစီအမံများဆီသို့ ၎င်းတို့အား အဘယ်အရာက တွန်းအားပေးသနည်း။ အဖြေသည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားလုံခြုံရေးတို့ကို ထိထိမိမိ ဘက်ပေါင်းစုံမှ ပေါင်းစပ်ထားသော အဖြေဖြစ်သည်။ စီးပွားရေး ဆုတ်ယုတ်မှု- နိုင်ငံရေး - ကသောင်းကနင်းနှင့် ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကျိုးပျက်လွယ်သော မြန်မာ့စီးပွားရေးသည် ပိုမို မတည်မငြိမ် ဖြစ်နေသည်။ သို့သော်လည်း မလေးရှားတွင် လစာအတော်လေးမြင့်မားသည်ဆိုသော ကတိကဝတ်သည် ထင်ယောင်ထင်မှားဖြစ်လောက်အောင်…