ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ မသင်္ကာဖွယ် ဗင်ကားတစ်စီးကို တွေ့ရှိခဲ့
စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင် ရှော့ပင်းမောလ်အနီးမှာ ရပ်ထားတဲ့ ဗင်ကားတစ်စီးပေါ်မှာ ဖောက်ခွဲရေးပစ္စည်းအချောင်း ၁၁၉ ချောင်းကို စက်တင်ဘာ ၇ ရက်နေ့မှာ ရဲတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ရက်မှာဖော်ပြပါတယ်။ အဆိုပါယာဉ်ဟာ အဲဒိနေရာမှာ ရပ်ထားတာခြောက်လကျော်ရှိပြီလို့ သိရပါတယ်။ မယ်ဆိုင်မြို့မ ရဲစခန်းက အရာရှိတွေနဲ့ Pha Muang Task Force က တပ်ဖွဲ့ဝင်တွေကချင်းရိုင်လိုင်စင် နံပါတ် ผท ၆၉၇၄ ပါ မသင်္ကာဖွယ် အဖြူရောင် တိုယိုတာ ဗင်ကားတစ်စီကို စက်တင်ဘာ ၇ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်ကတွေ့ရှိခဲ့တာ်လို့ သိရပါတယ်။ (more…)