မိုးလေဝသသတိပေးချက် အမှတ် ၉- မတ်လ ၁၈ရက်မှ၂၁ ရက်အတွင်း အပူချိန်ကျဆင်းခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်
မတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် အပူချိန် ၁ မှ ၃ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနိုင်သည်ဟု မိုးလေဝသဌာနက သတိပေးထားသည်။ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်မှ ၂၁ ရက်အထိ တောင်ပိုင်းပြည်နယ် ၅ ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မည်ဟု ခန့်မှန်းရသည်ဟု The Nation ကဖော်ပြသည်။ ထိုင်းမိုးလေဝသဌာနက ၎င်း၏ နဝမနှင့် နောက်ဆုံး အကြံပေးချက် ထုတ်ပြန်ထားပြီး ထိုင်းနိုင်ငံ အထက်ပိုင်း၌ ရာသီဥတု မတည်မငြိမ်ဖြစ်မှု၊ တောင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ထိုင်းပင်လယ်ကွေ့ အောက်ပိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ အချို့ဒေသများတွင် မတ် ၂၁ ရက်အထိ သက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားသည်။ (more…)