မိုးသည်းထန်စွာ ရွာသွန်းနိုင်

ထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထား

ထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထား

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသဌာနကသြဂုတ် ၁၈ ရက်နေ့ က ခန့်မှန်းထားပြီး မုတ်သုံလေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့၇၀ ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ The Nation သတင်းကဖော်ပြပါတယ်။ ၂၄ နာရီအတွက်ခန့်မှန်းချက်မှာ မိုးရွာသွန်းမှုအနည်းငယ်လျော့သွားပေမယ့်လည်း မြောက်ပိုင်း၊ အရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာနိုင်တယ်လို့အဆိုပါဌာနက ထုတ်ပြန်ထားပါတယ်။ မယ်ဟောင်ဆောင်၊ ဘူးကန်၊ စကုံနခွန်၊ နခွန်နွမ်၊ မုဒဟန်၊ ချန်သဘူရီနဲ့ထရတ်တို့မှည နေထိုင်သူတွေအထူးသဖြင့် တောင်ခြေ၊ ရေလမ်းအနီးနဲ့မြေနိမ့်ပိုင်းဒေသတွေမှာလျှပ်တပြက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်ခြေရှိလို့ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိရာသီဥတုပုံစံက တောင်တရုတ်ပင်လယ်ပြင်အထက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်ကိုဖြတ်သန်းပြီး မုတ်သုံလေအား လွှမ်းမိုးနေပါတယ်။ အဆိုပါအတောအတွင်း အနောက်တောင်မုတ်သုံလေဟာ အနည်းငယ်အားလျော့နေပေမယ့်လည်း ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာမိုးဆက်လက်ရွာသွန်းနေပါတယ်။ (more…)
Read More