မူးယစ်ဆေးဝါး

ထိုင်း-မြန်မာနယ်စပ်ခြံစည်းရိုး၌ ကားခေါင်မိုးတွင် ဝှက်ထားသော မူးယစ်ဆေးဝါး ၁၀၀ ကီလိုဂရမ် တွေ့ရှိခဲ့

ထိုင်း-မြန်မာနယ်စပ်ခြံစည်းရိုး၌ ကားခေါင်မိုးတွင် ဝှက်ထားသော မူးယစ်ဆေးဝါး ၁၀၀ ကီလိုဂရမ် တွေ့ရှိခဲ့

မေလ ၂၁ ၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကီလိုဂရမ် ၁၀၀ ရှိမက်တာဖီတမင်းနှင့် ကက်တမင်း မှောင်ခို သယ်ဆောင်လာသည့် ဒေသခံ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ဘန်ကောက်ပို့စ်ကမေ ၂၁ရက်တွင်ဖော်ပြသည်။ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နှင့် တာချီလိတ်ကို ဆက်သွယ်ထားသည့် အမှတ်၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွင် သံသယရှိသူ ​၏ မော်တော်ယာဉ်ကို ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေခဲ့ကြောင်းသိရသည်။ မွန်းလွဲပိုင်းတွင် ချင်းရိုင်တွင် မှတ်ပုံတင်ထားသည့် အနက်ရောင် Chevrolet ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ရာရပ်တန့်ပြီး ရှာဖွေခဲ့သည်။ (more…)
Read More
ထိုင်းနိုင်ငံတွင် ဖမ်းမိသည့်မူးယစ်ဆေးဝါးများသည် KNU/KNLA နှင့်လုံးဝ မပတ်သတ်ဟု အသိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ဖမ်းမိသည့်မူးယစ်ဆေးဝါးများသည် KNU/KNLA နှင့်လုံးဝ မပတ်သတ်ဟု အသိပေးချက်ထုတ်ပြန်

မတ်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ၌ ဖမ်းမိခဲ့သည့်မူးယစ်ဆေးဝါးများသည် KNU/KNLA နှင့်လုံး ဝမပတ်သက်ပါဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က မတ် ၂၅ရက်နေ့ကထုတ်ပြန် အသိပေးလိုက်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်းရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းများကိုနိုင်ငံတကာ က ဆန့်ကျင့်ရှုတ်ချတာနဲ့အတူ KNU/KNLAအနေနှင့်လည်း မူလမ်းစဉ်အရ လုံးဝအားပေးထောက်ခံခြင်းမရှိဘဲ နိုင်ငံတကာနှင့်အတူ ဆန့်ကျင့်ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (more…)
Read More
လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စတင်စစ်ဆေး

လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စတင်စစ်ဆေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စစ်ဆေးမည်ဖြစ်သည်။ အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ၂၃ ဦးသည် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးစေသည့် အမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်ဟု South China Morning Post ကဖေဖော်ဝါရီ ၂၀ ရက်ကဖော်ပြသည်။ (more…)
Read More