မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများတိုးလာနေ

ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ တိုးလာနေသည်ဟုကုလသမဂ္ဂက သတိပေး

ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ တိုးလာနေသည်ဟုကုလသမဂ္ဂက သတိပေး

မေလ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ “ရွှေတြိဂံ” ဧရိယာမှ ဓာတုဆေးဝါးများ တရားမဝင် ထုတ်လုပ်ရောင်းဝယ် ဖောက်ကားမှုသည် မကြာသေးမီကာလများအတွင်း အဆမတန် ကြီးထွားလာခဲ့ပြီး အရှေ့နှင့် အရှေ့တောင်အာရှတွင် စိတ်ကြွဆေးပြား ပမာဏ စံချိန်တင်ဖမ်းဆီးရမိမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ၂၃၆ တန်ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၄% တိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) မှထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်ဟု The Phnom Penh Post သတင်းကမေလ ၂၈ရက်တွင်ဖော်ပြသည်။ ၂၃၆ တန်သည် သိမ်းဆည်းရမိသည့် ပမာဏကိုသာ ကိုယ်စားပြုပြီး စိတ်ကြွဆေးပြား အများအပြား စျေးကွက်သို့ အမှန်တကယ် ရောက်ရှိနေကြောင်း UNODC အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယာယီ ဒေသဆိုင်ရာ ကိုယ်စားလှယ် Benedikt Hofmann က ပြောကြားခဲ့သည်။ “ဒီဖမ်းဆီးရမိမှုတွေဟာ တစိတ်တပိုင်းအားဖြင့် အောင်မြင်တဲ့ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းမှုတွေကို ရောင်ပြန်ဟပ်နေချိန်မှာ အထူးသဖြင့် ရှမ်းပြည်နယ် အထူးသဖြင့် ရွှေတြိဂံဒေသက စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု အဆင့်တွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အရှေ့နှင့်အရှေ့တောင်အာရှတွင် ဓာတုဆေးဝါးများ- နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုများနှင့် စိန်ခေါ်မှုများ” ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ သိသိသာသာ တိုးလာကြောင်း အစီရင်ခံစာက ဖော်ပြသည်။…
Read More