အမေရိကန်က ကချင်ပြည်နယ်ကမြေရှားသတ္ထုတွေကို မျက်စိကျနေ- မျှော်လင့်ချက်လား ဒါမှ မဟုတ် အမြတ်ထုတ်မှုအသစ်လား
ဩဂုတ်လ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မြေရှားသတ္ထုရိုင်းသိုက်တွေကို ရယူရန်နဲ့တရုတ်နိုင်ငံရဲ့ လက်ဝါးကြီးအုပ်မှု၊မှခိုအားထားမှုကို လျှော့ချဖို့ထရမ့်အစိုးရကကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်းဒေသခံတွေက သတ္တုတူးဖော်မှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုနဲ့ပြည်တွင်းစစ်ကို ပိုမိုဖြစ်ပွားစေမယ့်အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ ကချင်တက်ကြွလှုပ်ရှားသူတွေက တင်းကျပ်တဲ့စံနှုန်းတွေကို လိုက်နာဖို့နဲ့ အခြားသူတွေရဲ့အမှားကို ထပ်ခါတလဲလဲ ရှောင်ရှားဖို့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဝါရှင်တန်ကို တောင်းဆိုထားပါတယ်။ မြေရှားသတ္တတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်ပြည်နယ်ကို Trump အစိုးရက အာရုံစိုက်နေပါတယ်။ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေနဲ့စစ်လက်နက်ကိရိယာတွေထုတ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့မြေရှား ဓာတ်သတ္တုသိုက်တွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးလိုတယ်လို့ရရှိတဲ့အချက်အလက်တွေအရ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကနေ မြေရှားသတ္ထုအများစုကို ဝယ်ယူနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းမွန်နေစဉ်မှာ မြန်မာ စစ်အာဏာရှင်ကိုလည်း ထောက်ပံ့ကူညီမှုတွေလည်း ရှိနေပါတယ်။ စစ်အစိုးရရဲ့အမည်ဖြစ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို မကျေမနပ် တဲ့ မြန်မာ နိုင်ငံသား အများအပြားအတွက် အမေရိကန် အကျိုးစီးပွားဟာ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းကို ကိုယ်စားပြုပုံပေါ်ပါတယ်။ မြန်မာနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း အကြီးအကဲဟောင်း Adam Castillo က ကချင်ပြည်နယ်ကသတ္တုတွေကို တရုတ်နိုင်ငံရဲ့ “ရွှေငန်း” လို့ခေါ်ပြီး KIA နဲ့ ပူးပေါင်းလုပ်ဆောင်ရဖို့အမေရိကန်ကို တိုက်တွန်းခဲ့ပြီး အာရှ-ပစိဖိတ်နိုင်ငံပေါင်းစုံ ဖိုရမ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့Quad ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အိန္ဒိယလိုဒေသတွင်း မဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့…