မြန်မာကုန်တင်သင်္ဘောကြောင့် ထိုင်းသန္တာကျောက်တန်းများ ပျက်စီးခဲ့
ဇွန်လ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ Mu Koh Surin အမျိုးသားဥယျာဉ်တွင်သောင်တင်ခဲ့သော မြန်မာကုန်တင်သင်္ဘော MV AYAR LIN ကြောင့် သန္တာကျောက်တန်းစတုရန်းမီတာ ၁၅၀ ခန့် ပျက်စီးခဲ့သည်ဟုThai Enquirer သတင်းကဇွန်လ ၆ ရက်တွင်ဖော်ပြသည်။ ထိုင်းအာဏာပိုင်များသည် သန္တာကျောက်တန်းများ ပြန်လည်ထူထောင်ရေးအတွက် နစ်နာကြေး အနည်းဆုံး ဘတ် ၁၂ သန်းကို ရှာဖွေလျက်ရှိသည်။ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင်များ ထိန်းသိမ်းရေး ဦးစီးဌာနသည် ဥပဒေအရ အရေးယူမှုများ ဆက်လက် လုပ်ဆောင်နေသည်။ (more…)