မြန်မာစစ်တပ်

မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှု အာဆီယံမှသူဌေးကြီးများက ကူညီနေဟု JFM ကထုတ်ပြန်

မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှု အာဆီယံမှသူဌေးကြီးများက ကူညီနေဟု JFM ကထုတ်ပြန်

မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာအရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အာဆီယံဒေသတွင်းရှိ သူဌေးကြီးများက ကူညီပံ့ပိုးပေးနေကြောင်း Justice For Myanmar ကမေလ ၁၂ ရက်တွင်ထုတ်ပြန်လိုက်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သည် ၎င်းတို့၏ ဘုံသဘောထား ၅ ရပ်မှတဆင့် မြန်မာ့ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီနေသည်ဆိုသော်လည်း အဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စု၏ အကြမ်းဖက်မှုများအား ဟန့်တား ထိန်းချုပ်ရန်  ပျက်ကွက်ရုံသာမက ၎င်းတို့အချုပ်အခြာအာဏာအောက်ရှိ ကုမ္ပဏီများကို မြန်မာစစ်အုပ်စုထံ ငွေကြေးစီးဆင်းမှုနှင့် လက်နက်ရောင်းချ တပ်ဆင်ပေးနေမှုများ ဆက်လက်ခွင့်ပြုပေးခဲ့သဖြင့် အာဆီယံအစိုးရများနှင့် သူဌေးကြီးများသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါနေမှုကို ပြသနေသည်ဟု JFM ကြေညာချက်ကဖော်ပြသည်။ ထုတ်ပြန်လိုက်သည့် “ဂုဏ်သရေပျက်သူများ” စာရင်းပါ သူဌေးကြီး ၁၂ ဦးတို့သည် အရှေ့တောင်အာရှတလွှားရှိ ဩဇာတိက္ကမကြီးမားသူများဖြစ်ပြီး ၎င်းတို့သည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်အသုံးအဆောင်ရောင်းချခြင်း၊ ဘဏ္ဍာရေးဝန် ဆောင်မှုများ ပေးအပ်ခြင်းတို့မှတဆင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများထံမှ အကျိုးအမြတ်ရရှိနေသူများ ဖြစ်သည် ဟုလည်းဆိုသည်။ ၎င်းအပြင် စစ်အုပ်စုနှင့် ယင်း၏ စီးပွားရေးလုပ်ငန်းစုကြီးများ၊ ခရိုနီကြီးများနှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများသည် စစ်အုပ်စုက အရှိန်မြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေသလို အဆိုပါအကြမ်းဖက်စစ်ဆင် ရေးတွင် ၂၀၂၁ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပါဝင်သည်ဟုလည်း JFM က ဆိုထားသည်။ (more…)
Read More
မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသောလူများ ထိုင်းနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရ

မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသောလူများ ထိုင်းနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရ

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးပြီး ရက်ပိုင်းအကြာတွင် မြန်မာစစ်တပ်မှထိုးစစ်ဆင်မှုကြောင့် လူပေါင်း ၃၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ထိုင်းစစ်တပ်ကပြောကြားခဲ့သည်ဟု မေလ ၈ရက်တွင် AFP သတင်းကဖော်ပြသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း ပဋိပက္ခတွင် နစ်မြုပ်နေခဲ့ပြီး စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေပါသည်။ (more…)
Read More
ထိုင်းအောက်လွှတ်တော်တွင်ကျင်းပခဲ့သော ဆွေးနွေးပွဲတွင်မြန်မာ့အရေးနှင့်ပတ်သက်၍ ဒေါက်တာ Zachary Abuza ၏ဆွေးနွေးချက်အကျဉ်းချုပ်

ထိုင်းအောက်လွှတ်တော်တွင်ကျင်းပခဲ့သော ဆွေးနွေးပွဲတွင်မြန်မာ့အရေးနှင့်ပတ်သက်၍ ဒေါက်တာ Zachary Abuza ၏ဆွေးနွေးချက်အကျဉ်းချုပ်

မတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် National War College မှ ပါမောက္ခတစ်ဦးဖြစ် သည့် ဒေါက်တာ Zachary Abuza က ထိုင်းလွှတ်တော်တွင်ကျင်းပခဲ့သော ဆွေးနွေးပွဲ “တည်တံ့ခိုင်မြဲသောငြိမ်ဝပ်ခြင်းနှင့်လုံခြုံရေး တိုးတက်အောင်မြင်စေခြင်း - ထိုင်းနှင့်အာဆီယံ၏ နယ်စပ် တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့အဖွဲ့အစည်းတည်ဆောက်ရေးလမ်းကြောင်း” ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သော အချို့အချက်များကို မျှဝေလိုက်ပါသည်။ မြန်မာစစ်တပ်အတွက် ဒီစစ်ပွဲက အနိုင်ရနိုင်မဲ့စစ်ပွဲ မဟုတ်ပါ။ သူတို့ဟာ မနိုင်နိုင်တဲ့စစ်ကို အလွန်အကျွံ တိုက်နေတာဖြစ်ပြီး၊ ဒီလုပ်ရပ်ကြောင့် တစ်နိုင်ငံလုံးကို သူတို့နဲ့အတူ ဆွဲချနေကြတာဖြစ်တယ်။ (more…)
Read More