မြန်မာစစ်အစိုးရကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ

မြန်မာစစ်အစိုးရကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတွေအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အတွက် ကုလသမဂ္ဂကျွမ်းကျင်သူက မေတ္တာရပ်ခံ

မြန်မာစစ်အစိုးရကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတွေအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အတွက် ကုလသမဂ္ဂကျွမ်းကျင်သူက မေတ္တာရပ်ခံ

ဇူလိုင်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ တခြားပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာဟာ မြန်မာစစ်အစိုးရနဲ့ အာဏာတည်မြဲရေးအတွက်အမေရိကန် မူဝါဒရဲ့ တုန်လှုပ်ချောက်ချားစရာ အလှည့်အပြောင်းတစ်ခုလို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတဦးက ပြောတယ်လို့ Scoop World သတင်းကဇူလိုင် ၃၀ရက်မှာဖော်ပြပါတယ်။ “ဒါဟာ လူသတ်စစ်အစိုးရရဲ့ လက်နက်ရယူခွင့်ကို ကန့်သတ်ခြင်းအားဖြင့် အသက်တွေကို ကယ်တင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေအတွက် ကြီးမားတဲ့ နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတစ်ခုပါပဲ” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ပြောကြားပါတယ်။ “မြန်မာ့လက်နက် ရောင်းဝယ်သူတွေနဲ့စစ်အစိုးရရဲ့ ခရိုနီတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေပြန်လည်ရုပ်သိမ်းခြင်းဖြင့် အဆိုပါ ကြိုးပမ်းအားထုတ်မှုတွေကို လစ်လျူရှုလို့မရပါဘူး"လို့သူကဆက်ပြောပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းကနေဖယ်ရှားလိုက်တဲ့ ကုမ္ပဏီတွေဟာ မြန်မာစစ်အစိုးရရဲ့လက်နက်နဲ့ကုန်ကြမ်းတွေ ရယူခြင်းအပါအဝင် ပြည်တွင်းမှာ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့စက်ပစ္စည်းကိရိယာတွေထုတ်လုပ်ဖို့ လိုအပ်တဲ့ ထောက်ပံ့မှုတွေအပါအဝင် လက်နက်ရောင်းဝယ်ရေးမှာပါဝင်ပတ်သက်နေတယ်လို့ Andrews က မှတ်ချက်ပြုခဲ့ပါတယ်။ (more…)
Read More