မြန်မာနိုင်ငံ

အချက်ငါးချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံကို အာဆီယံက ဖိအားပေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြော

အချက်ငါးချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံကို အာဆီယံက ဖိအားပေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြော

စက်တင်ဘာ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးညှိနှိုင်းမှုတွေအဆင်ပြေချောမွေ့စေဖို့ အထူးသံတမန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အာဆီယံကနေ မြန်မာနိုင်ငံကိုဆက်လက် တိုက်တွန်းသွားမှာဖြစ်တယ်လို့ Malay Mail သတင်းကစက်တင်ဘာ ၂၆ ရက်မှာဖော်ပြပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာဤကြိုးပမ်းအားထုတ်မှုတွေကို အချိန်တိုင်း လက်ကိုင်ထားခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) နဲ့ တွဲပြီး ကျင်းပတဲ့ အကြိမ် ၈၀ မြောက် စေ့စပ်ညှိနှိုင်းရေး မိတ်ဆွေများအဖွဲ့ရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NUG) ကို စစ်တပ်ကဖြုတ်ချပြီးနောက် ကာလရှည်ကြာ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းမှာ ပါဝင်နေခဲ့ပါတယ်။ (more…)
Read More
မြန်မာနိုင်ငံကို မြောက်ကိုရီးယားက တရားမဝင် လက်နက်တွေရောင်းချနေခြင်းနဲ့ မြောက်ကိုရီးယား ငွေကြေးဆိုင်ရာ ကူညီဆောင်ရွက်ပေးသူ တစ်ဦးကို အမေရိကန်ပစ်မှတ်ထားအရေးယူ

မြန်မာနိုင်ငံကို မြောက်ကိုရီးယားက တရားမဝင် လက်နက်တွေရောင်းချနေခြင်းနဲ့ မြောက်ကိုရီးယား ငွေကြေးဆိုင်ရာ ကူညီဆောင်ရွက်ပေးသူ တစ်ဦးကို အမေရိကန်ပစ်မှတ်ထားအရေးယူ

စက်တင်ဘာ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှာအမေရိကန်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ခွဲခြားဆက်ဆံတိုက်ခိုက်ခဲ့တဲ့မြန်မာစစ်အစိုးရအတွက် မြောက်ကိုရီးယားဆီကနေ ပစ္စည်းတွေ၀ယ်ယူခြင်း အပါအဝင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) အတွက် ဝင်ငွေရရှိစေတဲ့ ၎င်းတို့ရဲ့ အခန်းကဏ္ဍတွေအတွက် ပစ်မှတ် ခြောက်ခုကို ဒဏ်ခတ်အရေးယူခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဒီလုပ်ဆောင်ချက်က အဆိုပါတိုက်ခိုက်မှုတွေကို လွယ်ကူချောမွေ့စေတဲ့တရားမဝင်ကွန်ရက်များကို နှောင့်ယှက်ဖို့နဲ့ DPRK ရဲ့ ဥပဒေမဲ့ အစုလိုကအစုလိုက်အပြုံလိုက်သုတ်သင်ရှင်းလင်းနိုင်တဲ့လက်နက်တွေခြင်း(WMD) နဲ့ ပဲ့ထိန်းဒုံးကျည်ပရိုဂရမ်တွေအတွက် ရန်ပုံငွေဖြတ်တောက်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က လက်နက်မှောင်ခိုကူးမှုနဲ့ မြောက်ကိုရီးယားအစိုးရအတွက် ဝင်ငွေရရှိစေဖို့ကူညီဆောင်ရွက်ပေးရာမှာ ၎င်းတို့ရဲ့အခန်းကဏ္ဍအတွက် အဖွဲ့အစည်းတစ်ခုနဲ့ လူငါးဦးကို အရေးယူဖို့သတ်မှတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။ အဆိုပါအမည်တွေကတော့ မြန်မာနိုင်ငံအခြေစိုက် Royal Shune Lei ကုမ္ပဏီလီမိတက်နဲ့၎င်းရဲ့ အဓိကဝန်ထမ်းတွေကို ပစ်မှတ်ထားတာဖြစ်ပါတယ်။ အဆိုပါအမှုထမ်းတွေဟာ မြန်မာလေတပ်အတွက် လက်နက်ရောင်းဝယ်ရေး လွယ်ကူချောမွေ့စေရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ကျော်သူမျိုးမြင့်နဲ့တင်မျိုးအောင်တို့ ပါဝင်ပါတယ်။ (more…)
Read More
မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ တရုတ်အမျိုးသားတစ်ဦး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်

မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ တရုတ်အမျိုးသားတစ်ဦး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လာအိုမှာ အလုပ်သွားလုပ်မယ်လို့ ယူဆထားတဲ့တရုတ်အမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးခြင်းမပြုခင်မှာ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်တဲ့ခြံဝင်းအတွင်း ပိတ်မိနေခဲ့တယ်လို့ Khaosod သတင်းက စက်တင်ဘာ ၂၃ ရက်မှာဖော်ပြပါတယ်။ သောင်ရင်းမြစ်တလျှောက် ကင်းလှည့်နေတဲ့ထိုင်းစစ်သားတွေက ဖုတ်ဖရာ့မြို့နယ် Ban Mo Koe ထိုင်းရွာရှိ ကျိုးကျနေတဲ့တံတားအနီးမှာ အသက် ၄၃ နှစ်အရွယ် Zhou ကို စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။မောပန်းနွမ်းနယ်နေတဲ့အမျိုးသားဟာ ရာဇ၀တ်မှုလုပ်ငန်းတွေလို့သူသိရှိပြီးနောက် မြစ်ကိုတရားမဝင်ဖြတ်ကျော်ပြီးအကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ Zhou ဟာ တရားဝင်အလုပ်ကမ်းလှမ်းမှုတစ်ခုနဲ့ လိမ်လည်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေကို ပြောပြခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့မှာ သူဟာ လာအိုမှာ ရှိတယ်လို့ ယုံကြည်တဲ့ Xishuangbanna မှာအလုပ်သွားလုပ်ဖို့သူငယ်ချင်းတစ်ဦးနဲ့တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်မြို့ ဖုတ်ဖရကို သွားပြီးနောက် လာအို နယ်မြေလို့ ထင်ထားတဲ့နယ်မြေကိုဖြတ်ကျော်ပြီး ကားနဲ့ လာခေါ်တာကိုစောင့်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။ (more…)
Read More
နိုင်ငံရေး ကသောင်းကနင်းနဲ့ သဘာဝဘေးအန္တရာယ်တွေကြားက မြန်မာနိုင်ငံမှာ ကြီးကျယ်ခမ်းနားလှတဲ့ အင်းလေးဖောင်တော်ဦးပွဲတော်ကို ကျင်းပခဲ့

နိုင်ငံရေး ကသောင်းကနင်းနဲ့ သဘာဝဘေးအန္တရာယ်တွေကြားက မြန်မာနိုင်ငံမှာ ကြီးကျယ်ခမ်းနားလှတဲ့ အင်းလေးဖောင်တော်ဦးပွဲတော်ကို ကျင်းပခဲ့

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အပါအဝင် COVID-19 ကပ်ရောဂါ၊ နိုင်ငံရေး ကသောင်းကနင်းနှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် စိန်ခေါ်မှုတွေကြားမှာပဲဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေက ဗုဒ္ဓဘာသာ ပွဲတော်နဲ့ ကမ္ဘာ့အဆင့်မီ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ဖောင်တော်ဦး စေတီတော် ပွဲတော်ကို မြင်တွေ့ခဲ့ရပါတယ်။ အလယ်ဗဟိုမှာ ကြီးကျယ်ခမ်းနားလှတဲ့ရွှေရောင်ချထားတဲ့သင်္ဘောကြီးတစ်စင်းနဲ့တမူထူးခြားတဲ့လှေလှော်ပုံစံ(ခြေထောက်နဲ့လှေလှော်)ကို လေ့ကျင့်ထားတဲ့အင်းသား လူမျိုးစုက ရေလုပ်သားတွေ စီးနင်းလိုက်ပါတဲ့လှေငယ်တွေနဲ့မတ်တပ်ရပ်ရင်း လှော်ခတ်နေတဲ့လှေလှော်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲရင်း ယခုတစ်ပတ်မှာ လူအုပ်ကြီးဟာ ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။ ဒဏ္ဍာရီလာ ကရဝိတ်ငှက်ရုပ်တု ရွှေရောင်နဲ့ဆန်းပြားစွာ တန်ဆာဆင်ထားတဲ့ ဖောင်ကြီးဟာ ရေကန်ပတ်လည်ရှိ ရွာပေါင်း ၂၁ ရွာဆီကိုလူတွေ ဖူးမြော်နိုင်ဖို့ ဘုရားဆင်းတုတော်လေးဆူကို သယ်ဆောင်သွားပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၂၀ (မိုင် ၂၆၀) ခန့်အကွာမှာ ထင်ရှားတဲ့ခရီးသွားအချက်အချာနေရာဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်တန်းတွေပေါ်မှာ နှစ်ပတ်ကျော်ကြာ သာယာလှပတဲ့ပွဲတော်ကို ကျင်းပမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါက ၂၀၂၀ မှာကျင်းပမယ့်ပွဲကို တားဆီးခဲ့ပြီး ၂၂၁ ခုနှစ်မှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရကို စစ်တပ်မှဖြုတ်ပြီး နိုင်ငံအနှအပြားမှာပြည်တွင်းစစ်ဖြစ်ပွားစေခဲ့တာကြောင့် ၂၀၂၃ မှာ တွင်သာ ပြန်လည်ကျင်းပနိုင်ခဲ့ပြီး မနှစ်ကဆိုးရွားစွာရေလွှမ်းမိုးခဲ့တာကြောင့်ပွဲတော်ကို ရပ်ဆိုင်းခဲ့ရပြန်ပါတယ်။ အခမ်းအနားကို အခုနှစ်မှာ ပြန်လည်ကျင်းပခဲ့ပေမယ့်လည်း မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ငလျင်ဒဏ်ကို ခံခဲ့ရပေမယ့်လည်း အင်းလေးကန်ကိုလည်း သိသိသာသာ ထိခိုက်ခဲ့ပါတယ်။ ရေထဲက…
Read More
မြန်မာနိုင်ငံက ရွေးကောက်ပွဲအတုဟာအသွင်ကူးပြောင်းရေးမဟုတ်ဘဲ ထောင်ချောက်တစ်ခုဖြစ်

မြန်မာနိုင်ငံက ရွေးကောက်ပွဲအတုဟာအသွင်ကူးပြောင်းရေးမဟုတ်ဘဲ ထောင်ချောက်တစ်ခုဖြစ်

စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ပထမအဆင့်အဖြစ် ကြေညာရာမှု မြန်မာစစ်အစိုးရဟာအသွင်ကူးပြောင်းရေးထက် သဘောထားကွဲလွဲမှုတွေကို သက်သာစေဖို့ပိုမိုဒီဇိုင်းထုတ်ထားတဲ့ စနစ်တစ်ခုအဖြစ် ပြည်သူတွေကို ပိတ်လှောင်ဖို့ ကြိုးပမ်းနေပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အတိုက်အခံတွေက မကြာသေးမီရက်သတ္တပတ်တွေအတွင်း နှုတ်ဆိတ်သွားခဲ့ပြီး ရွေးကောက်ပွဲတွေကိုဘယ်လိုပဲဆန့်ကျင်နေပစေဆက်လက်လုပ်ဆောင်သွားမှာကို သဘောပေါက်ထားပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကော်မရှင် (SSPC) ကို ဇူလိုင် ၃၁ ရက်က အမှတ်တံဆိပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တဲအစစ်အစိုးရဟာ ရွေးကောက်ပွဲတွေကတစ်ဆင့် နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အသိအမှတ်ပြုမှု အတိုင်းအတာတစ်ခုအပေါ် မျှော်လငိ့နေပါတယ်။ ဒါပေမယ်လည်း မြန်မာနိုင်ငံက အရပ်သားတွေနဲ့ NUG တို့ကကြီးထွားလာနေတဲ့ ချုပ်နှောင်မှုရဲ့ အဖြစ်မှန်ကို ရင်ဆိုင်နေရပါတယ်။ SSPC က လေးနှစ်သက်တမ်းတိုးပြီးနောက် ဇူလိုင် ၃၁ ရက်မှာအရေးပေါ်အခြေအနေကို ရပ်ဆိုင်းခဲ့ပါတာ်။ အချို့က ၎င်းဟုနိုင်ငံရေးအသွင်ကူးပြောင်းမှုရဲ့ လက္ခဏာတစ်ရပ်လို့ ချီးကျူးကြပါနယ်။ ဒါပေမယ့်လည်း အရေးပေါ်အခြေအနေကြေညာပြီးနောက် နာရီပိုင်းအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အတိုက်အခံတွေရဲ့အမာခံနယ်မြေအဖြစ် သတ်မှတ်ထားတဲ့မြို့နယ် ၆၃ ခုမှာ စစ်အုပ်ချုပ်ရေး ချမှတ်ခဲ့ပါတယ်။ ချုပ်ကိုင်မှု လျော့ရဲခြင်းကနေဝေးကွာတဲ့ အသွင်ကူးပြောင်းမှု အနည်းဆုံးအဖြစ် ထိန်းသိမ်းထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ဂရုတစိုက် ကကွက်တွေကို စွန့်လွှတ်ပြီး ၎င်းရဲ့ အာဏာကို စစ်အစိုးရက ပြန်လည် အာရုံစိုက်ခဲ့ပါတယ်။ နောက်ကွယ်ရှိ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေထိရောက်စွာ ရာဇ၀တ်မှုကျူးလွန်ခြင်းတွေကို တားမြစ်ထားပါတယ်။ တရားစီရင်ရေးဆိုင်ရာ အခြေအတင် ဆွေးနွေးမှုတွေဆက်လက်ဖြစ်ပွားနေပေမယ့်လည်း အဆိုပါဥပဒေက…
Read More
စစ်ပွဲတွေ၊ ဘေးအန္တရာယ်တွေ၊ အိုးအိမ်မဲ့ဖြစ်ခြင်းတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေက မြန်မာနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ကုလကဆို

စစ်ပွဲတွေ၊ ဘေးအန္တရာယ်တွေ၊ အိုးအိမ်မဲ့ဖြစ်ခြင်းတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေက မြန်မာနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ကုလကဆို

စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်က အာဏာသိမ်းပြီး လေးနှစ်အကြာ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေ တစတစ  ကြီးထွားလာကာ သန်းနဲ့ချီတဲ့ အိုးအိမ်မဲ့တွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက စက်တင်ဘာ ၁၁ ရက်ကထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးအကဲ Filippo Grandi က “မြန်မာနိုင်ငံတစ်ဝှမ်းက သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဒုက္ခက ကြီးမားပါတယ်။ “ဝေဟင်က ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ္စည်းဥစ္စာတွေပျက်စီးခြင်း၊ အတင်းအကြပ် လူသစ်စုဆောင်းခြင်းတို့ကြောင့် ၎င်းတို့ဟာ ၎င်းတို့ရဲ့ အသက်အန္တရာယ်အတွက် နေ့စဉ်နဲ့အမျှ ကြောက်ရွံ့နေကြရပါတယ်"လို့ပြောကြားပါတယ်။ “အရပ်သား အမျိုးသား၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေကိုအကြမ်းဖက်မှုကနေအကာအကွယ်ပေးရမှာဖြစ်ပြီး လုံခြုံမှုနဲ့ဂုဏ်သိက္ခာရှိစွာ နေအိမ်သို့ ပြန်လာဖို့ ရွေးချယ်နိုင်စေရန် နည်းလမ်းတွေရှာဖွေတွေ့ရှိတယ်လို့၎င်းက ဆက်လက် ပြောကြားပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ဆိုတာ မြန်မာနိုင်ငံတိုင်း ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ မတ်လအတွင်းက ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့တော်နေပြည်တော် အပါအဝင် ဒေသအများအပြားကို ထိခိုက်ခဲ့ပါတယ်။ ကုလသမဂ္ဂကယ်ဆယ်ရေးအကြီးအကဲ Tom Fletcher က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုဟာ ရန်ပုံငွေမရှိတာကြောင့် အဟန့်အတားဖြစ်နေတယ်လို့ X လူမှုကွန်ယက်စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။ အခုနှစ်အစောပိုင်းက ထိခိုက်ခံစားရတဲ့ရပ်ရွာတွေဆီကိုသွားရောက်လည်ပတ်ခဲ့တဲ့မစ္စတာ Grandi ကလူသားချင်းစာနာမှုပိုမိုကျယ်ပြန့်စွာဝင်ရောက်ဖို့တိုက်တွန်းခဲ့ပြီး အတင်းအကျပ်ရွှေ့ပြောင်းခံရသူတွေအတွက် အဖြေရှာဖို့ ဆွေးနွေးခဲ့ပါတယ်။ “ပြည်တွင်းမှာ အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ သန်းနဲ့ချီတဲ့ လူတွေ၊ဒုက္ခသည်တွေဟာ နေရပ်ပြန်ချင်ကြတာကလွဲရင် ဘာကိုမှ မလိုချင်ကြပါဘူး"လို့မစ္စတာ Grandi က ပြောပါတယ်။…
Read More
ဇန်နဝါရီ လကုန်မှာ မြန်မာနိုင်ငံစစ်တမ်းရလဒ်ကို လို့ ရွေးကောက်ပွဲအရာရှိကဆို

ဇန်နဝါရီ လကုန်မှာ မြန်မာနိုင်ငံစစ်တမ်းရလဒ်ကို လို့ ရွေးကောက်ပွဲအရာရှိကဆို

စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာမှာ ဒီနှစ်ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲရဲ့ ရလဒ်ကိုလာမယ့်နှစ် ဇန်နဝါရီလကုန်မှာ ထွက်ပေါ်လာမယ်လိုမျှော်လင့်ထားကြောင်း စစ်အစိုးရကခန့်အပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတစ်ဦးကစက်တင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့တယ်လို့ CNA သတင်းကဖော်ပြပါတယ်။ “နောက်ဆုံး ရွေးကောက်ပွဲရလဒ်ကို လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်မှာ မျှော်မှန်းထားပါတယ်” လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အမည်မဖော်လိုသူ အရာရှိတစ်ဦးက AFP ကိုပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်မှာရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုဆိုတဲ့ မခိုင်လုံတဲ့စွပ်စွဲချက်နဲ့စစ်တပ်က ဖြုတ်ချပြီးကတည်းက ပြည်တွင်းစစ်တောက်လောင်နေပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စစ်တပ်က သွေးထွက်သံယို ပဋိပက္ခအတွက် ထွက်ပေါက်လမ်းကြောင်းတစ်ခုအဖြစ် ကြွေးကြော်ထားပြီး ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မှာဖြစ်ပြီးတစ်လလောက် ကြာမြင့်မှာ ဖြစ်ပါတယ်။ ကော်မရှင်က စက်တင်ဘာ ၁၁ရက်နေ့ကနေပြည်တော်မှာ သုံးနာရီကျော်ကြာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့အကြောင်းကိုတစ်ကြိမ်မျှ ပြောကြားခဲ့တာမရှိပါဘူး။ အမျိုးသားလွှတ်တော်ရဲ့အမတ်နေရာအတွက် ပါတီခြောက်ခု ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ဆိုပါတယ်။ “တနိုင်ငံလုံးအတွက် နိုင်ငံရေးပါတီ ခြောက်ပါတီနဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၅၁ ပါတီ ရှိတယ်။ စုစုပေါင်း ရွေးကောက်ပွဲဝင်ဖို့ ၅၇ ပါတီရှိတယ်” လို့UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။ (more…)
Read More
လူကုန်ကူးခံရသူ ၁၀၀၀၀၀ ကို ထိန်းသိမ်းထားနိုင်တဲ့မြန်မာနိုင်ငံ လိမ်လည်မှုစင်တာတွေကြီးထွားလာ

လူကုန်ကူးခံရသူ ၁၀၀၀၀၀ ကို ထိန်းသိမ်းထားနိုင်တဲ့မြန်မာနိုင်ငံ လိမ်လည်မှုစင်တာတွေကြီးထွားလာ

လူကုန်ကူးခံရသူတွေကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်က အာရှနဲ့အာဖရိကတစ်ဝှမ်းရှိ အနည်းဆုံးနိုင်ငံ ၁၁ နိုင်ငံကနိုင်ငံသားတွေအပါအဝင် လူကုန်ကူးခံရသူ ၉၀ ဦးထက်မနည်းကို သတိပြုမိပါတယ်။ အဖွဲ့ရဲ့အဆိုအရ၊ အချို့သော သားကောင်တွေဟာ ရာဇဝတ်မှု အကြီးအကဲတွေရဲ့ကြမ်းတမ်းစွာ အနိုင်ကျင့်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆုံးရှုံးခဲ့ရပြီး မျက်စိကွယ်ခြင်း သို့မဟုတ် ရာသက်ပန် မသန်စွမ်းခြင်းတို့ဖြစ်သွားကြပါတယ်။ ဖိလစ်ပိုင်က Mateo* ဟာ KK Park မှာ ခြောက်လကြာ ပိတ်မိနေခဲ့ပါတယ်။ သူဟာ သူ့နေအိမ်ကနေထိုင်းနိုင်ငံကို ဖောက်သည်ဝန်ဆောင်မှု ကိုယ်စားလှယ်အဖြစ် တရားဝင်အလုပ်တစ်ခုရခဲ့တယ်လို့ယုံကြည်ပြီး မနှစ်က ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့်အဲဒိအစား သူသဟာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရပြီး ၎င်းရဲ့နိုင်ငံကူးလက်မှတ်ကို သိမ်းသွားခဲ့ပါတယ်။ နေ့ရက်တိုင်းမှာသူဟာ၎င်းတို့ရဲ့ WhatsApp နံပါတ်ကို မမျှဝေမချင်း ၎င်းတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်ပြီးလူမှုမီဒီယာဆိုက်တွေမှာ ရာနှင့်ချီတဲ့ အသက်ကြီးတဲ့အမေရိကန် အမျိုးသားတွေကို မက်ဆေ့ချ်ပို့ရန် လိုအပ်ပါတယ်။ အဲဒိနောက် အဆက်အသွယ်ကိုအခြားသော လိမ်လည်လှည့်ဖြားမှုအဖွဲ့ဆီပို ပေးပို့ရမှာဖြစ်ပါတယ်။ ရည်မှန်းချက်ကိုကို မပြည့်မီရင် ပြင်းထန်တဲ့ကျဥ်စက်နဲ့အတို့ခံရတာ ဒါမှမဟုတ်ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်တွေနဲ့ အပြစ်ပေးခံရမှာဖြစ်ပါတယ်။ ခြံကို စွန့်ခွာဖို့က ရွေးချယ်စရာတစ်ခု မဟုတ်ခဲ့ပါ။ “လက်နက်ကိုင် အစောင့်တွေ အများကြီးရှိတယ်” လို့ ၎င်းက ဆိုပါတယ်။ အဆိုပါ ရာဇ၀တ်မှုလုပ်ငန်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ ပဋိပက္ခစီးပွားရေးရဲ့မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး အဆိုပါ ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းတွေကို နိုင်ငံအတွင်း လိမ်လည်လှည့်စားတဲ့ စင်တာတွေကို စစ်အစိုးရက ဖြန့်ကြက်ခွင့်ပြုထားပြီး ရာဇ၀တ်မှုကျူးလွန်တဲ့နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးကိုတက်လာစေဖို့ကူညီပေးခဲ့ပါတယ်။ ------------------------------------------------------------------------------------------------------------------------------------------------------------------------------- စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လွန်ခဲ့တဲ့ငါးနှစ်ခန့်က အခုအချိန်မှာ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်တလျှောက်…
Read More
ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ မြန်မာနိုင်ငံမှာစံချိန်တင် ငတ်မွတ်ခေါင်းပါးမှုအဆင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ‘REACH’ ပရောဂျက်ကို စတင်ခဲ့

ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ မြန်မာနိုင်ငံမှာစံချိန်တင် ငတ်မွတ်ခေါင်းပါးမှုအဆင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ‘REACH’ ပရောဂျက်ကို စတင်ခဲ့

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား) နဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ဟာပဋိပက္ခဒဏ်ခံရတဲ့ အိမ်ထောင်စုတွေအတွက် အရေးပေါ်အကူအညီ (REACH) နဲ့တုံ့ပြန်ခြင်း၊မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံခဲ့ရတဲ့မိသားစုတွေအတွက် အရေးပေါ်အကူအညီတွေပေးအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဏာမခြေလှမ်းကို စတင်လိုက်ပြီဖြစ်တယ်လို့ WFP ကစက်တင်ဘာ၄ ရက်မှာထုတ်ပြန်ပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ၊အစုလိုက်အပြုံလိုက်အ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ၂၀၂၅ မတ်လ ငလျင်လှုပ်ခတ်မှုကြားမှာငတ်မွတ်မှု နက်ရှိုင်းလာနေတဲ့နေရာတွေကိုရည်ရွယ်တယ်လို့ဆိုပါတယ်။ ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီမှုနဲ့ကျောထောက်နောက်ခံပြုထားတဲ့ REACH ဟာ WFP က ပဋိပက္ခနဲ့ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုစားနပ်ရိက္ခာအတွက် အသက်ကယ်ရိက္ခာနဲ့ငွေသားတွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။ REACH ကတဆင့် WFP ဟာ ပဋိပက္ခနဲ့ငလျင်ဒဏ်ခံဒေသတွေရှိ လူ ၃၀၀,၀၀၀ ကို ရိက္ခာ/သို့မဟုတ် ငွေသားအကူအညီ နှစ်လ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေး ၂၄,၀၀၀ တို့ကိုအာဟာရချို့တဲ့မှုကို ကာကွယ်ကုသရာမှာ ကူညီရန် ပစ်မှတ်ထားတဲ့ အာဟာရအထောက်အပံ့ကို ရရှိမှာဖြစ်ပါတယ်။ (more…)
Read More
IndustriALL က အမှတ်တံဆိပ်တွေအားလုံးမြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ထပ်မံတောင်းဆို

IndustriALL က အမှတ်တံဆိပ်တွေအားလုံးမြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ထပ်မံတောင်းဆို

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စက်တင်ဘာလ ၃း၄ရက်၊ ၂၀၂၅မှာ IndustriALL က Bestseller၊ Next နဲ့ Hunkemöller အပါအဝင် ကုန်အမှတ်တံဆိပ်များစွာကို မြန်မာနိုင်ငံမှာလုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းဖို့နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အလုပ်သမားနဲ့လူ့အခွင့်အရေးတွေပပျောက်စေခဲ့တဲ့နိုင်ငံကနေတာန်ရှိစွာနဲ့ထွက်ခွာစေဖို့အတွက်IndustriALL နဲ့ချက်ခြင်းညှိနှိုင်းမှုတွေစတင်လုပ်ဆောင်နေတယ်လို့ အဖွဲ့ကဆိုပါတယ်။ အထည်အလိပ်နဲ့အထည်ချုပ်လုပ်ငန်းဟာ စစ်အစိုးရအတွက် နိုင်ငံခြားငွေရရှိရေးအတွက် အဓိကရင်းမြစ်ဖြစ်ပြီး လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့လောင်စာဆီတွေအတွက်ထောက်ပံ့ကူညီနေပါတယ်။ မြန်မာနိုင်ငံမှာအထည်ချုပ်နဲ့ ဖိနပ်ထုတ်လုပ်တဲ့အလုပ်သမားတွေဟာ စစ်အုပ်ချုပ်ရေးအရ စက်မှုဇုန်တွေမှာလုပ်ကိုင်ကြရပါတယ်။ ၂၀၂၃ ILO စုံစမ်းရေး ကော်မရှင်ကလွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့အဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ သဘောတူညီချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုတွေတွေ့ရှိခဲ့ပါတယ်။ ဇူလိုင်လမှာ အမည်မသိ စွဲချက်တွေနဲ့ဖမ်းဆီးခံထားရတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမား တက်ကြွလှုပ်ရှားသူတွေရဲ့အကြောင်း အစီရင်ခံစာသစ်တွေထွက်ပေါ်ခဲ့ပါတယ်။ UK high street favorite အမှတ်တံဆိပ် Next နဲ့ Dutch အတွင်းခံအမှတ်တံဆိပ် Hunkemöller တို့ကစိုးရိမ်မှုတွေရှိနေပေမယ့်လည်း ထောက်ပံ့ရေးကွင်းဆက်အတွင်းမှာလူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ်ကို လျော့ပါးစေဖို့အတွက် မြန်မာနိုင်ငံမှာဆက်လက်ရှိနေကြဖို့ ရည်ရွယ်ချက်ကို ညွှန်ပြနေပါတယ်။ (more…)
Read More