မြန်မာနိုင်ငံသား

ကရင်ပြည်နယ်တွင်တိုက်ပွဲများ ငြိမ်သက်သွားသဖြင့် နေရပ် ပြန်ကြသော မြန်မာနိုင်ငံသား ၁၂၁ ဦးရှိ

ကရင်ပြည်နယ်တွင်တိုက်ပွဲများ ငြိမ်သက်သွားသဖြင့် နေရပ် ပြန်ကြသော မြန်မာနိုင်ငံသား ၁၂၁ ဦးရှိ

မေလ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြေလျော့သွားပြီးနောက် ထိုင်းနိုင်ငံမှနေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၂၁ ဦးရှိကြောင်း The Nation သတင်းက မေလ ၁၁ရက်နေ့တွင်ဖော်ပြသည်။ ကယားပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အသေအပျောက်များကြောင်း သိရသည်။ ကရင်ပြည်နယ်တွင် တိုက်ပွဲများငြိမ်သက်သွားပြီးနောက် ကရင်ပြည်နယ်ရှိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၁ ဦးသည် ၎င်းတို့ဆန္ဒအလျောက် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူများကမေလ ၁၁ရက်နေ့တွင် အတည်ပြုခဲ့သည်။ သို့သော်လည်း အိမ်နီးချင်း ကယားပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ နေရပ်မပြန်မီ ၎င်းတို့သည်ထိုင်းနိုင်ငံတွင် ခိုလှုံခဲ့သည်။ (more…)
Read More
ထိုင်းစစ်တပ်က မြန်မာဒုက္ခသည် ၄၃၇ ဦးကို နေရပ်ပြန်ပို့

ထိုင်းစစ်တပ်က မြန်မာဒုက္ခသည် ၄၃၇ ဦးကို နေရပ်ပြန်ပို့

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဘုရင့်တပ်မတော် Rachmanoo Task Force သည် Tha Songyang မြို့နယ်အုပ်ချုပ်ရေး၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့စု ၃၄ နှင့် တာ့ခ်ခရိုင် Tha Song Yang မြို့နယ် Nong Bua ကျေးရွာမှ ရပ်ရွာခေါင်းဆောင်များ နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မတ် ၁၅ ရက်က မြန်မာနိုင်ငံသား ဒုက္ခသည် ၄၃၇ ဦးအား ဖားအန်ခရိုင် လေးပိုမြို့ မယ်ဂေကီးကျေးရွာရှိ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ (more…)
Read More