မြန်မာနိုင်ငံသား ခုနစ်ဦးက စီးခဲ့

ထိုင်းနိုင်ငံဖူးခက်တွင် ဆိုင်ကယ်တစ်စီးအားမြန်မာနိုင်ငံသား ခုနစ်ဦးက စီးခဲ့

ထိုင်းနိုင်ငံဖူးခက်တွင် ဆိုင်ကယ်တစ်စီးအားမြန်မာနိုင်ငံသား ခုနစ်ဦးက စီးခဲ့

ဇူလိုင်လ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဖူးခက်မြို့ခံတစ်ဦးသည် ကျွန်းစုခရိုင်လမ်းမကြီးတစ်ခုပေါ်၌ မော်တော်ဆိုင်ကယ်တစ်စီးတည်း ကိုစီးနင်းလာသည့် မြန်မာနိုင်ငံသားခုနစ်ဦးကို အကာအကွယ်ပေးခဲ့သည်။ ဇူလိုင်လ ၆ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်သည် လူမှုကွန်ရက်ပေါ်တွင် ဒေါသများ ထွက်ပေါ်ခဲ့သော်လည်း နေထိုင်သူမှာ ထိုင်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာ နည်းပါးသည့် မိသားစုကို ၎င်းတို့၏ လုပ်ရပ်အတွက် အကြောင်းရင်းအဖြစ် ရှင်းပြခဲ့သည်ဟု The Nation သတင်းက ဇူလိုင် ၈ရက်ကဖော်ပြသည်။ မြန်​မာနိုင်​ငံမှ အမျိုးသားတစ်​ဦးနှင့်​ဆိုင်​ကယ်​စီး​နေသည့်​ အမျိုးသမီးတစ်​ဦးအား ​နောက်​ခုံးထက်​တွင်​ စီးနင်း​နေသည့်​ ဗီဒီယိုဖိုင်​တွင်​ ​ပေါက်​​ပေါ်လာသည့်​အ​ခြေအ​နေကို ​တွေ့မြင်​ခဲ့ရသည်​။ အမျိုးသမီးက ကလေးနှစ်ယောက်ကို ပွေ့ကိုင်ထားပြီး အခြားလူကြီးတစ်ဦးကတော့ သူတို့ကြားတွင် ထိုင်နေပါသည်။ နောက်ထပ် ကလေးနှစ်ယောက်က ဆိုင်ကယ်စီးသူရှေ့၌ထိုင်နေကြပြီးယင်း ဒီဗီဒီယိုကိုမောင်းမြို့နယ် ရဿဒါမြို့ခွဲရှိတနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်လောက်က Chalerm Phrakiart ၉လမ်းဆုံက မြေအောက်လမ်းမှာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ အဆိုပါဓာတ်ပုံများသည် လူမှုကွန်ရက်အသုံးပြုသူအများအပြား၏ ဒေါသကိုထွက်ပေါ်စေခဲ့ပြီး ၎င်းတို့၏ကလေးများအသက်အန္တရာယ်ကို ဖြစ်စေသည့်ပုံစံဖြင့် စီးနင်းခဲ့သည့် မိဘများအား ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ထိုင်းနိုင်ငံ၏ လမ်းစည်းကမ်းဥပဒေသည် ဘေးကင်းရေး စိုးရိမ်မှုများကြောင့် မော်တော်ဆိုင်ကယ်များကို မြေအောက်လမ်းများ အသုံးပြုခြင်းမှ တားမြစ်ထားကြောင်း ဝေဖန်သူများက ထောက်ပြထားသည်။ (more…)
Read More