မြန်မာနိုင်ငံသား ၄၁ ဦး

တရားမဝင် ဘားမှာ မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲကြောင်းစစ်ဆေးတွေ့ရှိ

တရားမဝင် ဘားမှာ မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲကြောင်းစစ်ဆေးတွေ့ရှိ

ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ကာရာအိုကေဘားကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ မွေးနေ့ပါတီအတွက် စုဝေးကြတဲ့ မြန်မာနိုင်ငံသား လေးဆယ့်တစ်ယောက်မှာ မူးယစ်ဆေးဝါး သုံးစွဲကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက သြဂုတ် ၁၆ရက်မှာဖော်ပြပါတယ်။ Wang Thonglang ရဲတပ်ဖွဲ့က သြဂုတ် ၁၅ရက် ညမှာ Srivara လမ်းရှိ Town in Town ဟိုတယ်ဘေးရှိ လမ်းကြားမှာရှိတဲ့အမည်မဲ့ဘားကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ကျင်းပတဲ့နေရာဟာ တစ်ထပ်စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံဖြစ်ပြီး ကာရာအိုကေခန်းသုံးခန်းပါပါတယ်။ (more…)
Read More