မြန်မာနိုင်ငံ

မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Insecurity Insightအဖွဲ့က မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှု သို့မဟုတ် တားဆီးနှောင့်ယှက်မှု ၁၇၃၀ မှု ဖြစ်ပွားခဲ့တယ်ဆိုတာတွေ့ရှိခဲ့ရတယ်လို့ Relief Web စာမျက်နှာက သြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးမှု ၄၀၇ ခု၊ ကျန်းမာရေးဝန်ထမ်း ၁၅၅ ဦး သေဆုံးခဲ့ပြီး ၈၈၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်တွေအနက် လေးပုံသုံးပုံနီးပါးသဟာမြန်မာစစ်တပ်(MAF)ကြောင့်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး MAF လေယာဉ်တွေကကြဲချတဲ့ ဖောက်ခွဲရေး ပစ္စည်း၊လက်နက်တွေနဲ့ပတ်သက်တဲ့သတင်းဖြစ်စဉ်တွေအရ မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေအပေါ်တိုက်ခိုက်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ (more…)
Read More
မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Insecurity Insightအဖွဲ့က မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှု သို့မဟုတ် တားဆီးနှောင့်ယှက်မှု ၁၇၃၀ မှု ဖြစ်ပွားခဲ့တယ်ဆိုတာတွေ့ရှိခဲ့ရတယ်လို့ Relief Web စာမျက်နှာက သြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးမှု ၄၀၇ ခု၊ ကျန်းမာရေးဝန်ထမ်း ၁၅၅ ဦး သေဆုံးခဲ့ပြီး ၈၈၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်တွေအနက် လေးပုံသုံးပုံနီးပါးသဟာမြန်မာစစ်တပ်(MAF)ကြောင့်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး MAF လေယာဉ်တွေကကြဲချတဲ့ ဖောက်ခွဲရေး ပစ္စည်း၊လက်နက်တွေနဲ့ပတ်သက်တဲ့သတင်းဖြစ်စဉ်တွေအရ မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေအပေါ်တိုက်ခိုက်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ မန္တလေးတိုင်းဟာ ပဲခူး၊ မကွေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့နဲ့အတူ ငလျင်ကြီးနောက်ပိုင်းအရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဒေသခြောက်ခုမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း MAF စစ်လေယာဉ်တွေဆီက ပစ်လွှတ်ခဲ့တဲ့ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေနဲ့ မန္တလေးတိုင်းအတွင်း ကလေးဆေးရုံနဲ့ယာယီဆေးခန်းတွေ အပါအဝင် ကျန်းမာရေး အဆောက်အအုံ ရှစ်ခု ပျက်စီးခဲ့ပါတယ်။ (more…)
Read More
မြန်မာနိုင်ငံ ၂၀၂၅ ငလျင်အချက်အလက်တွေကနောက်ထပ် ကြီးမားတဲ့ ငလျင်ကို ခန့်မှန်းနိုင်သလား

မြန်မာနိုင်ငံ ၂၀၂၅ ငလျင်အချက်အလက်တွေကနောက်ထပ် ကြီးမားတဲ့ ငလျင်ကို ခန့်မှန်းနိုင်သလား

ဩဂုတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြေငလျင်ကိုကြိုတင်ခန့်မှန်းလို့မဖြစ်နိုင်လို့သိပ္ပံပညာရှင်တွေက ဆိုကြပေမယ့်လည်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံငလျင်ကို လေ့လာခြင်းနဲ့နောက်ဆက်တွဲ ကြီးမားတဲ့ ငလျင်လှုပ်ခတ်မယ့်အချိန်နဲ့နေရာတွေကို ခန့်မှန်းရာမှာအထောက်အကူဖြစ်နိုင်တယ်လို့ The Times of India သတင်းက သြဂုတ် ၁၆ရက်မှာဖော်ပြပါတယ်။ မတ် ၂၈ ရက် နေ့လယ်က ဆုတောင်းပွဲအတွင်း စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဗဟိုချက်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးနဲ့နီးကပ်တာကြောင့် ၁၉၁၂ ခုနှစ်ကနောက်ပိုင်းတည်းက မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့အင်အားအပြင်းဆုံး ငလျင်ဖြစ်ပါတယ်။ မန္တလေးရဲ့ အခြေခံအဆောက်အအုံတွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးသွားတွေသတင်းများထွက်ပေါ်နေပေမယ့်လည်း သေဆုံးသူ ၃၇၀၀ ကနေ ၅၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်အထိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့်အထပ် ၃၀ ထပ်ရှိ မိုးမျှော်တိုက်တစ်ခု ပြိုကျခဲ့ရာမှာ အနည်းဆုံး လူ ၉၂ ဦး သေဆုံးခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ၁၈၃၉ ခုနှစ်ကအလားတူ အပျက်အစီးများပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မပြိုကွဲသေးတဲ့ ပြတ်ရွေ့ရဲ့ အစိတ်အပိုင်းတလျှောက် ကြီးမားတဲ့ ငလျင်တစ်ခု လှုပ်ခတ်မယ်လို့မျှော်မှန်းထားပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ငလျင်လှုပ်မယ်၊ ငလျင်ဗဟိုချက် ဒါမှမဟုတ် ဘယ်လောက် ပျက်စီးမယ်ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့ပေမယ့်လည်း၊ သိပ္ပံပညာရှင်တွေဟာဘယ် အချိန်မှာငလျင်လှုပ်မယ်ဆိုတာကို အတိအကျ မခန့်မှန်းနိုင်သေးပါဘူး” လို့ UK ရှိ Bath တက္ကသိုလ်ကသင်္ချာပညာရှင် Kit Yates က DW ကိုပြောကြားခဲ့ပါတယ်။ ကမ္ဘာမြေကြီးရဲ့ ကျောက်လွှာချပ်ကြီးတွေ ရွေ့လျားမှုနဲ့ အပြန်အလှန်သက်ရောက်မှုတွေကမယုံနိုင်လောက်အောင်…
Read More
သဘောထားမှတ်ချက်- မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခြင်းဟာ တိုင်းပြည်အတွက် ဘာကို ဆိုလိုသလဲ

သဘောထားမှတ်ချက်- မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခြင်းဟာ တိုင်းပြည်အတွက် ဘာကို ဆိုလိုသလဲ

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ရှမ်းပြည်မြောက်ပိုင်းမှာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အံ့အားသင့်ဖွယ်ရာ ထိုးစစ်စစ်ဆင်ရေး ၁၀၂၇ အပြီး တိုင်းပြည်ပြိုကွဲမှာကို စိုးရိမ်တယ်လို့ ၎င်းရဲ့ထုတ်ပြန်ချက်အပေါ် နိုင်ငံတကာကအာရုံစိုက်မှုအချို့ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူသည် ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ဆေးခွင့်နဲ့ အနားယူခဲ့ပါတယ်။ ဒိနောက် SAC အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၅၁ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာ မွေးဖွားခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်နှစ်များအတွင်း မြင့်ဆွေဟာစစ်တပ်ကိုအသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ မွန်တိုင်းရင်းသားနောက်ခံနဲ့အထက်တန်းကျောင်းတက်ပြီးနောက် စစ်တက္ကသိုလ် (DSA) ကို ဝင်ရောက်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ DSA အပတ်စဥ် ၁၅ ကနေဘွဲ့ရရှိခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကအပတ်စဥ် ၁၉ က ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြင့်ဆွေရဲ့ဒုတိယသမ္မတရာထူးကို တပ်မတော်က အမည်စာရင်းတင်သွင်းခြင်းဟာအခြေခံဥပဒေအရ တရားဝင်တယ်လို့ယူဆနိုင်ပါတယ်။ ၂၀၂ ခုနှစ် အာဏာသိမ်းပြီးနောက်၊ သူဟာ ဒီတရားဝင်မှုကို SAC ကိုအငြင်းပွားဖွယ်ရာပေးအပ်ခဲ့ပါတယ် သူကယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ အခုအခါတွင် ၎င်း ကွယ်လွန်မှုကဖွဲ့စည်းပုံအခြေခံဥပဒေတရားဝင်မှုရဲ့ သင်္ကေတအချိတ်အဆက်ကို ဖြတ်တောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကNLD နှစ်တွေဆီကအဖွဲ့အစည်းဆိုင်ရာ လက်ကျန်တစ်ဦးအဖြစ်သာ ကျန်ရစ်ခဲ့ပါတယ်။ NLD အစိုးရအဖွဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ၂၀၂၄ ခုနှစ်က နုတ်ထွက်ခဲ့ပါတယ်။ SSPC က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အချို့သောအခွင့်အရေးတွေကို ဆိုင်းငံ့ထားလိုက်ပြီးအာဏာပိုင်တွေကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ပြုပြီးနောက် ရက်ပိုင်းအကြာမှာဦးမြင့်ဆွေ ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။ ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်အုပ်စုရဲ့နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်…
Read More
မြန်မာနိုင်ငံတွင်-ကလေးစစ်သားစုဆောင်းမှု၊ အသုံးပြုမှုကို ရပ်တန့်ရန် HRW တောင်းဆို

မြန်မာနိုင်ငံတွင်-ကလေးစစ်သားစုဆောင်းမှု၊ အသုံးပြုမှုကို ရပ်တန့်ရန် HRW တောင်းဆို

ဇွန်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှုထမ်းခြင်းဥပဒေကို ပြဋ္ဌာန်းပြီးနောက် မြန်မာစစ်တပ်မှ ကလေးစစ်သားစုဆောင်းမှုနှင့် အသုံးပြုမှုမှာ သိသိသာသာ အရေအတွက်မြင့်မားလာပြီး၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြင့်တက်လာသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က ဇွန်လ ၂၀ရက်နေ့က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်မှုပေါင်း ၂,၁၃၈ ခုကို စစ်ဆေးခဲ့ပြီး၊ နောက်ထပ် ချိုးဖောက်မှုပေါင်း ၁,၂၀၀ ခန့်ကို စိစစ်မှု ဆိုင်းငံ့ထားကြောင်းပြောကြားခဲ့သည်။ အာဏာသိမ်းပြီးကတည်းက ကုလသမဂ္ဂက ၁၂ နှစ်အောက် ကလေးစစ်သားစုဆောင်းမှု အမှုပေါင်း ၁၈၀၀ ကျော်ကို စစ်အစိုးရနှင့် ဆက်စပ်တပ်ဖွဲ့များကို စစ်ဆေးခဲ့ပြီး၊ ဖမ်းဆီးခံရသောစစ်သည်များနှင့် စစ်တပ်မှ ထွက်ပြေးလာသူများက ကလေးစစ်သားများကို တွေ့ရှိထားကြောင်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် အတိုက်အခံ တက်ကြွလှုပ်ရှားသူများက H R W သို့ ပြောကြားခဲ့သည်။ စစ်သားစုဆောင်းသူများသည် အဖော်မရှိသော၊ အိုးအိမ်မဲ့ဖြစ်စေ သို့မဟုတ် အလုပ်လုပ်နေသည် ကလေးများကို ပြန်ပေးဆွဲခြင်း သို့မဟုတ် အခွင့်ကောင်းယူကာစုဆောင်းထားပြီး၊ ထို့နောက် ဖုံးကွယ်ထား​ကြပြီး ၎င်းတို့၏ အသက်များကို မစစ်ဆေးနိုင်ခဲ့ပါ။ စစ်တပ်သည် ကလေးများကို ရှေ့တန်းသို့ စေလွှတ်ပြီး လမ်းပြများ၊ ပေါ်တာအဖြစ်နှင့် တစ်ခါတစ်ရံ လူသားဒိုင်းများအဖြစ် အသုံးပြုခဲ့သည်ဟုလည်း HRW ကဆိုသည်။ “မြန်မာစစ်တပ်ဟာ ကလေးတွေကို ပေါ်တာဆွဲတာ၊ လမ်းပြနဲ့ တိုက်ခိုက်ရေး အခန်းကဏ္ဍတွေမှာ…
Read More
ADB က မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၁၀၀ အကူအညီပေးရေး အစီအစဉ်ကို အတည်ပြု

ADB က မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၁၀၀ အကူအညီပေးရေး အစီအစဉ်ကို အတည်ပြု

ဇွန်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ (ဘာသာပြန်သတင်း) အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်အကူအညီများ ပေးအပ်ရန်အတွက် အာရှဖွံ့ဖြိုးရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုခဲ့ကြောင်း ဇွန်လ ၁၇ရက်နေ့တွင် ပြောကြားခဲ့သည်ဟု စင်ဟွာကဇွန်လ ၁၈ရက်တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ငွေ ဒေါ်လာ ၃ သန်းကို ပေးအပ်လိုက်ခဲ့ပြီးနောက်ယခုကဲ့သို့ထပ်မံပေးအပ်ခြင်း ဖြစ်သည်။ (more…)
Read More
UNESCO သည် မြန်မာနိုင်ငံတွင် ငလျင်အကဲဖြတ်ရေးမစ်ရှင်ကို ဦးဆောင်လျက်ရှိ

UNESCO သည် မြန်မာနိုင်ငံတွင် ငလျင်အကဲဖြတ်ရေးမစ်ရှင်ကို ဦးဆောင်လျက်ရှိ

ဇွန်လ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၁၅ သန်းကျော် ထိခိုက်ခဲ့ပြီး အဆောက်အအုံပေါင်း သန်းဝက်ခန့် ပျက်စီးသွားပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကုလသမဂ္ဂပညာရေး၊သိပ္ပံနှင့်ယဥ်ကျေးမှုအဖွဲ့ UNESCO မှ ခြေလှမ်းစတင်ခဲ့သည်ဟု ဇွန်လ ၁၁ရက်နေ့တွင် UNESCO စာမျက်နှာတွင်ဖော်ပြသည်။ ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကုမ္ပဏီ Miyamoto International မှ အင်ဂျင်နီယာများနှင့် ပူးပေါင်း၍ UNESCO သည် နိုင်ငံအတွင်း အဆိုးရွားဆုံး ဖြစ်ပွားခဲ့သော ဒေသများတစ်လျှောက် ဘေးကင်းသော စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အိမ်ရာများ လုံခြုံစွာ ပြန်လည်တည်ဆောက်ရေးအတွက် ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၂ရက်နေ့အထိ လျင်မြန်သော ဘေးကင်းရေး အကဲဖြတ်မှုမစ်ရှင်ကို ဖွဲ့စည်းခဲ့ပါသည်။ 'ဤအကဲဖြတ်မှုမရှိပါက ကျနော်တို့ဟာ ဆေးရုံကိုအမှုမဲ့အမှတ်မဲ့ ပြန်လည်ဖွင့်လှစ်မိတော့မှာပါခုအခါ ကျနော်တို့ဟာ အသက်အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေတာတွေသကို သိရှိနေပါပြီ” ဟု ၎င်း၏ အဆောက်အအုံကို UNESCO ၏ အကဲဖြတ်မှုအပြီး ဆေးရုံဒါရိုက်တာတစ်ဦးက ပြောကြားခဲ့သည်။ (more…)
Read More
မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော တောင်ကိုရီးယား နိုင်ငံသား ၃ ဦးကို လွှဲပြောင်းပေးအပ်ခဲ့

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော တောင်ကိုရီးယား နိုင်ငံသား ၃ ဦးကို လွှဲပြောင်းပေးအပ်ခဲ့

ဇွန်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှတစ်ဆင့်ဖြစ်စေ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဖြစ်စေမြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယားနိုင်ငံသား (၃)ဦးအား ကရင်ပြည်နယ် မြဝတီမြို့နယ် ကျောက်တော်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ယနေ့(ဇွန်လ ၁ ရက်) က တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်ဟု Asia News Newwork သတင်းစာမျက်နှာက ဇွန်လ ၁၁ရက်တွင်ဖော်ပြသည်။ ယင်းတို့သည် ကရင်ပြည်နယ်မြဝတီမြို့နယ် ရွှေကုက္ကို၊ မယ့်ထော်သလေး (KK Park) နှင့် ကေျာက်ခက်ကျေးရွာတို့မှအွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်အလုပ်လုပ်ခဲ့ကြသူများဖြစ်ကြသည်ဟုဆိုသည်။ (more…)
Read More
အကြမ်းဖက်မှုများ အဆုံးမသတ်ပါက မြန်မာနိုင်ငံသည် ‘မိမိကိုယ်ကိုမိမိဖျက်ဆီးခြင်း’ လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ကုလကဆို

အကြမ်းဖက်မှုများ အဆုံးမသတ်ပါက မြန်မာနိုင်ငံသည် ‘မိမိကိုယ်ကိုမိမိဖျက်ဆီးခြင်း’ လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ကုလကဆို

ဇွန်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် ကပ်ဘေးငလျင်လှုပ်ခတ်ပြီး သုံးလနီးပါးအကြာတွင် နိုင်ငံသည် ရက်စက်ကြမ်းကြုတ်သောပြည်တွင်းစစ်နှင့်အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို ပျက်စီးစေခဲ့သော ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်နောက်ဆက်တွဲနှင့် ဆက်လက်ရုန်းကန်နေရသည်ဟု ကုလသမဂ္ဂက ဇွန်လ ၁၀ရက်တွင်သတင်းထုတ်ပြန်သည်။ ထိုအချိန်မှစ၍ “လူထောင်ပေါင်းများစွာ သေဆုံးပြီး ထောင်နှင့်ချီ ဒဏ်ရာရသော်လည်း အကြမ်းဖက်မှုမှာ အဆုံးသတ်ခြင်းမရှိ” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဇွန်လ ၁၀ရက်နေ့က အထွေထွေညီလာခံတွင် အကျဉ်းချုံး ပြောကြားခဲ့သည်။ “အပစ်အခတ်ရပ်စဲရေး၊ အကြမ်းဖက်မှုတွေ အရှိန်လျော့ချရေးနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အာရုံစူးစိုက်မှုမရှိဘဲနဲ့ အားလုံးပါဝင်နိုင်တဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ဘူးလို့ ကျမတစိုက်မတ်မတ် အလေးပေးပြောကြားခဲ့ပါတယ်"ဟုသူကဆက်ပြောသည်။ နေအိမ်များ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ အပျက်အစီးများကြားမှ လွတ်မြောက်လာသူများနှင့် စကားပြောဆိုပြီးနောက် မစ္စ ဘစ်ရှော့က ၎င်းတို့သည် “ငြိမ်းချမ်းစွာ နေထိုင်နိုင်စေရန်အတွက် တိုက်ပွဲများ ရပ်တန့်သွားစေလိုသည်” ဟု ပြောဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပနှင့်ပတ်သက်ပြီးအဖွဲ့အစည်းအချို့က အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း “သူတို့ ကအရမ်းကြီးအလေးမထားပါဘူး” ဟု သူက ဆိုသည်။ (more…)
Read More
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို မြန်မာနိုင်ငံမှ ပြန်ခေါ်

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို မြန်မာနိုင်ငံမှ ပြန်ခေါ်

မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အိမ်နီးချင်း မြန်မာစစ်အစိုးရကို တိုက်ခိုက်နေသည့် AAတပ်တော်နှင့် ဆက်သွယ်ရေးလိုင်း ဖွင့်လှစ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၂၃ရက်နေ့တွင် ပြောကြားပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ၎င်း၏ သံအမတ်ကို ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်သည်ဟု The Straits Times သတင်းကမေလ ၂၉ရက်တွင်ဖော်ပြသည်။ မြန်မာနိုင်ငံမြို့တော်နေပြည်တော်တွင် ၂၀၂၃ ခုနှစ် နှစ်လယ်ကတည်းက အမှုထမ်းခဲ့သည့် Monowar Hossain သည် ဒါကာသို့ ချက်ခြင်းပြန်သွားရန် အမိန့်ပေးထားကြောင်း အဆိုပါတာဝန်ရှိသူက အကြောင်းပြချက်မပေးဘဲ “အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်” အဖြစ် ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းနှင့်နယ်စပ်လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။မြန်မာစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးခြင်းမရှိပါ။ (more…)
Read More