မှတ်ချက်။ ။-စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါသည်။

(သတိ့!! ငြိမ်းချမ်းရေး) ငြိမ်းချမ်းရေးပိုင်ရှင်သည် ဒိုနာအလှုရှင်လား၊ပြည်သူလား

(သတိ့!! ငြိမ်းချမ်းရေး) ငြိမ်းချမ်းရေးပိုင်ရှင်သည် ဒိုနာအလှုရှင်လား၊ပြည်သူလား

ထိုနောက် ဒေါ်အောင်ဆန်းစုကြည်ခေတ် ငြိမ်းချမ်းရေးဆောင်ရွက်မှု့သည် ယခင်လောက်ခရီးမတွင် ကြောင်းဝေဖန်မှု့များ သောသောညံလာတော့သည်။ NRPC ‌ခေတ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ၂၁ ရာစုပင်လုံညီလာခံများ၏ ဧည့်ခံကျွေးမွေးမှု့နှင့်ပက်သက်၍ ယခင် MPC ပွဲများလောက်မကောင်းကြောင်း အစားအသောက်စီမံမှု့ကစ အစဉ်မပြေကြောင်းကို ပင်လုံညီလာခံတွင် သတင်းယူနေစဉ် စားသောက်ခန်းမမှ ထွက်လာကြသော ပညာရှင်များ၏ ဝေဖန်မှု့ကို သတင်းထောက်အချို့ ကြားခဲ့ရသည်။ ပြည်သူလူထုထည့်ဝင်ငွေနှင့်နိုင်ငံတော်ဘဏ္ဍာမှ ကျခံရသည့်အပေါ် အသုံးစားရိပ် စီစစ်ခြင်း သည်လည်း ငြိမ်းချမ်းရေး သာယာစည်ပင်ဝပြောရေးထိခိုက်စေကြပုံရသည်။စာရေးသူတို့သတင်းထောက်များ သည်လည်း စည်ပင်ရိပ်သာအနီးအဝစားဆိုင်များသို့ သုတ်ချေတင်ရသည်။ စာရေဆရာ ဘားတေးလစ်တနာမှလည်း ငြိမ်းချမ်းရေးရံပုံငွေကိစ္စနှင့်ပက်သက်၍ “ ဒီပိုက်ဆံတွေ ဘယ်ရောက် သွားသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာ ကျနော် စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းက အကျိုး အမြတ် များပြားတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်လာတယ်။ တိုင်းပြည်ရဲ့ စစ်ပွဲဒေသတွေမှာ ထိခိုက်နစ်နာနေတဲ့ သာမန် ပြည်သူတွေကို လုံး၀ အလေးမထားဘူး။ ဒါမှမဟုတ်လည်း နည်းနည်းပဲ အလေးထားတယ်” ဟုပြောခဲ့သည်။ သူက ငြိမ်းချမ်းရေးလုပ်ငန်းသည် အကျိုးအမြတ်ကြီးသော စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်လာသသည်ကို ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်ခဲ့သူဖြစ်သည်။ ပွဲစတင်ကထဲက မေးခွန်းအသံထွက်ခဲ့သော ငြိမ်းချမ်းရေး ရံပုံငွေအရေးနှင့်ပက်သက်၍ ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးဖြစ်သူ MPC အဖွဲဝင်ယောင်းတစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်မှ ၂၀၁၈ အောက်တိုဘာလ ၁၄ ရက်တွင် BBC သတင်းဌာနတွင် ဆောင်းပါးတစ်ပုတ်ရေးသား၍ ဖြေရှင်ခဲ့သည်ကိုတွေ့ရသည်။NCA လက်မှက်ရေးထိုးနိုင်ရေးအတွက် ဘန်ကောက်၊ချင်းမိုင်၊မဲဆောက် လွန်ပြန်ခရီးစဉ်များဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ငြိမ်းချမ်းရေး ရတုပုဒ်စုံကို BBC မှ တင်ပြခဲ့ခြင်းဖြစ်သည်။ဦးညိုအုန်းမြင့်မှ “ချင်းမိုင်မြို့အထွက် ရှိ့ ဘတ် ၂၀၀…
Read More