ယစ်ပူဇော်သည့်ပုရောဟိတ်ဆရာများ

ပြည်သူ့အောင်ပွဲအတွက် နိုင်ငံတစ်ကာစစ်ခုံရုံး၊သည်ဟိတ်ခ် သာမက စကြာဝဠာတံတိုင်းထိ့ ရင်ကော့တက်ဝံ့သူလိုလာပြီ။

ပြည်သူ့အောင်ပွဲအတွက် နိုင်ငံတစ်ကာစစ်ခုံရုံး၊သည်ဟိတ်ခ် သာမက စကြာဝဠာတံတိုင်းထိ့ ရင်ကော့တက်ဝံ့သူလိုလာပြီ။

"မြန်မာနိုင်ငံ၏‌ကမ္ဘာစနစ်အလိုအရ ရေးထိုးးထားသော ကွန်ဗင်းရှင်းများ၊သဘောတူညီမှု့များနှင့်အညီ ကိုက်ညီသည့် ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ကျင့်ဝတ်များကို အနိမ့်ဆုံး နိုင်ငံတစ်ကာသို့ပြသရန် စာသဘော၊ဥပဒေသဘော၊လုပ်ထုံးလုပ်နည်းသဘောအားဖြင့်ပြဌာန်းထားပြီးဖြစ်သည်။ မြန်မာစစ်တပ်သည်လည်းအလားတူ နိုင်ငံတစ်ကာပြရုပ်ဖြစ်စေရန် ကွန်ဗင်းရှင်းနှင့်အညီ ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ကျင့်ဝတ်လမ်းညွန်စသဖြင့်အသီးသီး ပြဌာန်းပြီးဖြစ်သည်။ ယနေ့ခေတ်နောက်ဆုံးပေါ် စစ်တပ်တစ်ခု၏ အခြေခံတာဝန်တွင်၊ဒုတိယတာဝန်အဖြစ် စစ်ပွဲမဟုတ်သော ဘေးအန္တရာယ်ကိစ္စများကိုပါ ပုံမှန်တာဝန်အတွင်း ထည့်သွင်းသည့် Melitary Operation Other Then War(MOOTW)ကို ရှန်ဂီလာဒိုင်ယာလော့ခ်ဂတိဂဝတ်အရ ရေးဆွဲထည့်သွင်း၍ပင်ထားလိုက်သေးသည်။ စစ်တပ်မှပြဌာန်းထားသော စစ်သည်တော်ကျင့်ဝတ်၆၀ ဆိုသည်ကို စာမေးပွဲများစစ်ပြခြင်းဖြင့် ယနေ့ပြောနေကြသည့် Code of Conduct. လိုက်နာရန်သင်ကြားပါကြောင်းလှည့်စားပြနေသည်။ ထိုသို့အင်္ဂါစုံအောင်ထည့်သွင်းပြဌာန်းထားသော်လည်း လက်တွေ့တစ်ခုမကျန်ချိုးဖောက်သည်ကို စစ်သည်တော်ကျင့်ဝတ် ၆၀ မှတစ်ခုချင်းနှင့်တိုင်းတာလျင်ပင်သိသာနေသည်။" ---------------------------------------------------------- စစ်ပုလ္လင်မှာ ယဇ်တင်မည့် စစ်သူကြီးများလိုလာပြီ ဖေဖော်ဝါရီ ၂၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဆောင်းပါး) ------------------------------------------------------------------- ဗိုလ်ချုပ်ကြီးဆလင်းသည် အင်ဖာစစ်မြေပြင် တစ်နေရာ ဂျပန်တို့၏ထိုးစစ်အား ပြန်လည်တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သော စခန်းတစ်ခုအားသွားရောက်စစ်ဆေးသည်။ အဆိုပါ ခံစစ်ကိုပြောင်မြောက်စွာဆင်နွဲခဲ့သော ယောရှိုင်းယားတပ်ရင်းနှင့်ဂေါ်ရခါးတပ်ရင်းနှစ်ခုလုံးသည် ဆလင်းနှင့်မစိမ်းသည့်တပ်များလည်းဖြစ်သည်။ အထူးသဖြင့်ဂေါ်ရခါးတပ်ရင်းသည် ဆလင်းကျောင်းဆင်းအရာရှိ ဘဝကစတင်အမှု့ထမ်းခဲသော တပ်ရင်းဖြစ်ဿည်။နိပါလီစကားပြောတတ်သောဆလင်းသည် တကူးတကသွားရောက်တွေ့ဆုံသည်။ အဆိုပါစစ်မျက်နှာတွင် ဂျပန်တို့ထောင်ချီကျဆုံးခဲ့သည်။သေဆုံးဂျပန်စစ်သားများအား မြေမြုပ်ရှင်းလင်းရာသို့လှည့်လယ်ကြည့်ရှု့သည်။ တစ်နေရာတွင်ဂေါ်ရခါး ဆရာကြီးတစ်ဦးသည် ဂျပန်များကိုမြုပ်နှံနေရာမှ ဓါးကောက်ကိုဆွဲထုတ်ကာ ခုတ်မည်ဟန်ကိုတွေ့လိုက်ရသည်။ ဂျပန်တစ်ဦးမှာ ဒဏ်ရာဖြင့်မသေသေးသည်ကိုတွေ့လိုက်ရသည်။ဤတွင် ဆလင်းမှ ဤသို့မလုပ်သင့်ကြောင်း စစ်ရေးကျင့်ဝတ် ဥပဒေသများဖြင့်ရှင်းပြသည်။ (more…)
Read More