ရန်ကုန်

ရန်ကုန်မှာ တီဘီရောဂါကူးစက်မှု အမြန်ထိန်းချုပ်ဖို့ လိုအပ်နေ

ရန်ကုန်မှာ တီဘီရောဂါကူးစက်မှု အမြန်ထိန်းချုပ်ဖို့ လိုအပ်နေ

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တနိုင်ငံလုံးက တီဘီလူနာအားလုံးရဲ့ ၃ ပုံ ၁ ပုံဟာ ရန်ကုန်မှာရှိနေပြီး အမြန်ထိန်းချုပ်ရမယ့်အနေအ ထားဖြစ်တယ်လို့ ရန်ကုန်တိုင်း တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောတယ်လို့ ဘီဘီစီက စက်တင်ဘာ ၆ ရက်ကဖော်ပြပါတယ်။ "တီဘီရောဂါကူးစက်ခံရပြီး ဘာလက္ခဏာမပြဘဲ စစ်ဆေးမှပေါ်လာတဲ့သူတွေများနေတယ်" လို့ တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူက ပြောပါတယ်။ ၂၀၂၀ ခုနှစ် အချက်အလက်အရ နိုင်ငံတဝန်းမှာရှိတဲ့ တီဘီ ရောဂါသည် ၄ ပုံ ၁ ပုံက ရန်ကုန်မြို့နေထိုင်တယ်လို့ တီဘီရောဂါကာကွယ်ကုသရေးလုပ်ခဲ့တဲ့ ပြည်တွင်းက NGO/အရပ်ဖက်အဖွဲ့တစ်ခုရဲ့ တာဝန် ရှိသူက ဘီဘီစီကို ဒီနှစ်စပိုင်းမှာ ပြောထားပါတယ်။ ရန်ကုန်မြို့နေလူထုရဲ့ လူဦးရေ တစ်သိန်းမှာ တီဘီလူနာ ၈၇၀ ရှိနေပြီး ဒါဟာ ကမ္ဘာ့တီဘီရောဂါလူနာ အများဆုံးဖြစ်နေတဲ့ အာဖရိကနိုင်ငံတွေရဲ့ လူနာအရေအတွက်ကို နီးကပ်လာတဲ့အနေအထားမှာရှိနေပါတယ်။ အာဖရိကနိုင်ငံတွေမှာ လူတစ်သိန်းမှာ တီဘီလူနာ ၁၀၀၀ ရှိတာ ဖြစ်ပါတယ်။ "အစောပိုင်းဆေးစစ်လို့တွေ့ရင် ရောဂါကူးစက်ခံထားရတာကို မယုံကြဘူး။ (more…)
Read More
10Dလှုပ်ရှားမှုနဲ့အဖမ်းခံရတဲ့ ရွှေပြည်သာသပိတ်က ရဲဘော်၂ဦးကို စစ်အုပ်စုတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃နှစ်အမိန့်ချ

10Dလှုပ်ရှားမှုနဲ့အဖမ်းခံရတဲ့ ရွှေပြည်သာသပိတ်က ရဲဘော်၂ဦးကို စစ်အုပ်စုတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃နှစ်အမိန့်ချ

ဖေဖော်ဝါရီ ၇၊ ၂၀၂၅သောင်ရင်းသတင်းလွှာ ရန်ကုန်၊ ရွှေပြည်သာလူထုသပိတ် ဦးဆောင်ကော်မတီက ရဲဘော် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံတရားရုံးက ထောင်၃နှစ်စီ အမိန့်ချမှတ်ခဲ့တယ်လို့ နီးစပ်သူတွေကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ (more…)
Read More