မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ရာနှင့်ချီပြီးအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ
ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ နေရာအနှံ့အပြားတွမှာ မရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိသလ်ု ရာနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ UCA News စာမျက်နှာကသြဂုတ် ၃၀ရက်မှာဖော်ပြပါတယ်။ ပင်လောင်းမြို့နယ် ဧဒင်ကျေးရွာမှာရေနစ်မြုပ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ကက်သလစ်အသင်းတော် တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ သိရပါနယ်။ ဧဒင်မှာ နေထိုင်သူ ၈၀၀ ခန့်မှာ အများစုဟာ ဖယ်ခုန်မြို့ရှိ မြင့်မြတ်သော ယေရှုဘုရားရှိခိုးကျောင်းကခရစ်ယာန်ဘုန်းကြီးရဲ့အစောင့်ရှောက်ခံကက်သလစ်ဘာဝင်တွေဖြစ်ကြပါတယ်၊" ရွာက ဘုရားရှိခိုးကျောင်းငယ်လေးမှာ ဘုန်းကြီး မရှိဘူး"လို့ရွာသားတစ်ယောက်ကဆိုပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဖယ်ခွန်မြို့ကဘရာသာ ဇင်မင်း က သေဆုံးသူ နှစ်ဦးဟာ ကက်သလစ်ဘာသာဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။ မြေပြိုမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့တယ်လ်ု့ ၎င်းက အတည်ပြုပြောကြားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်တန်းတွေဆီကရေတွေ တဟုန်ထိုး တက်လာပြီး သြဂုတ် ၂၈ ရက်က ရုတ်တရက် မြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့၎င်းက ပြောပါတယ်။ “ကျွန်တော်တို့ ဘုရားကျောင်းအတွင်းကိုရွာသူရွာသားတွေအတွက် နေစရာပေးထားပြီး တတ်နိုင်သလောက် ချက်ပြုတ်ကျွေးမွေးဖို့ ကျန်နေသေးတဲ့ အစားအစာတွေကို မျှဝေပြီး ချက်ပြုတ်ထားပါတယ်” လို့ ဘရာသာ ဇင်မင်းက UCA News ကိုပြောပါတယ်။ ပင်လောင်းမြို့နယ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုက စေတနာ့ဝန်ထမ်းတွေနဲ့အလှူရှင်တွေက သြဂုတ် ၂၉ ရက်က ရေဘေးသင့်ပြည်သူတွေအတွက်…