❝ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ ❞
“အမျိုးသားညီညွတ်ရေးအစိုးရ . . . ဒို့အစိုးရ ဒို့အစိုးရ” အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ ❏ ရေးသားသူ - ကိုတေဇာ (အရေးတော်ပုံ တပ်သားတဦး) ၇ ရက် ဇူလိုင် ၂၀၂၅ (ဤစာစုကို ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၃ နှစ်ပြည့်နေ့၌ ပြည်သူလူထုသို့ အလေးအနက် တင်ပြသည်) ▬▬▬▬▬▬▬▬▬▬ ဇူလိုင်လ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကျနော်တို့ဟာ NUG ကို စတင်ဖွဲ့စည်းစဉ်ကနေ ယနေ့ချိန်ထိ ဒီနိုင်ငံအတွက် ဒီတော်လှန်ရေးကို ဦးဆောင်မယ့် တော်လှန်ရေးကာလ အစိုးရ၊ တော်လှန်ရေးတပ်ဦးအဖြစ် လက်ခံ၊ ယုံကြည်ထားကြပါတယ်။ အားကိုး အားထားလည်း ပြုပါတယ်။ ဒါက အခုချိန်ထိ ပါပဲ။ ဒါပေမယ့်၊ မထောက်မညှာဘဲ၊ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု အမြင်တွေမပါဘဲ တော်လှန်ရေးအကျိုးကို ရှေးရှုပြီး ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ လက်ရှိ စုဖွဲ့ထားတဲ့ NUG တော်လှန်ရေးအစိုးရဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ (ကျနော့်တကိုယ်ရည်အရ) သုံးသပ်ချင်ပါတယ်။ ဒီသုံးသပ်ချက်က ကျနော့်အနေနဲ့ တော်လှန်ရေးကာလ အချိန်လေးနှစ်ကျော်ငါးနှစ်တာ ဖြတ်သန်းမှု အတွေ့အကြုံအရပ်ရပ်ကို ခြုံငုံပြီးတော့ ရရှိလာတာ ဖြစ်ပါတယ်။ ဒီစကားက တော်လှန်ရေးကို အမြန် ပြီးမြောက်အောင်မြင်စေလိုတဲ့ စိတ်၊ NUG ကို တော်လှန်ရေးအစိုးရအဖြစ် တကယ်အလုပ်ဖြစ် အားကောင်းစေလိုတဲ့ စိတ်အပြည့်နဲ့ ပြောဆိုတင်ပြခြင်း ဖြစ်ပါတယ်။ “NUG…