လူချွန်လူကောင်းသီချင်း

စန္ဒာမင်းတို့ရွေးကောက်ပွဲအတွက် သုံးဖို့ မြို့မအသင်းကိုတောင်းထားတဲ့ လူချွန်လူကောင်းသီချင်းကို မြို့မငြိမ်းမိသားစုကန့်ကွက်

စန္ဒာမင်းတို့ရွေးကောက်ပွဲအတွက် သုံးဖို့ မြို့မအသင်းကိုတောင်းထားတဲ့ လူချွန်လူကောင်းသီချင်းကို မြို့မငြိမ်းမိသားစုကန့်ကွက်

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီကနေ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးပြုဖို့ မြို့မအသင်းကိုတောင်းထားတဲ့ လူချွန်လူကောင်းသီချင်းကို မသုံးကြဖို့ မြို့မငြိမ်းမိသားစုကန့်ကွက်ထားတယ်လို့သိရပါတယ်။ NLDပါတီကနေ NDFပါတီကို ဘက်ပြောင်းပြီး စစ်အုပ်စုကျင်းပမယ့် တရားမဝင် အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် စန္ဒာမင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ရက်နေ့မှာ မြို့မအသင်းရုံးလာပြီး လူချွန်လူကောင်းသီးချင်းအား အောင် နိုင်ရေးသီချင်းအဖြစ်နဲ့ အသုံးပြုခွင့်ပေးဖို့ လာရောက်ဆွေးနွေးခဲ့ပေမယ့် ဒီနေ့မှာတော့ သီချင်းမူရင်းပိုင်ရှင်ဖြစ်တဲ့ မြို့မငြိမ်းမိသားစုက ကန့်ကွက်ခဲ့တာလို့သိရပါတယ်။ (more…)
Read More
လူချွန်လူကောင်းသီချင်းပြည်သူ‌‌ေတွဆိုခွင့်မရှိတော့

လူချွန်လူကောင်းသီချင်းပြည်သူ‌‌ေတွဆိုခွင့်မရှိတော့

————————————————————————— စက်တင်ဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လူချွန်လူကောင်းသီချင်းကို NDF ပါတီက ၊ ပါတီသီချင်းအနေနဲ့ ယူသုံးမယ်ဆိုတာကို ကိုယ်တွေကတော့ လက်မခံ နိုင်ပါဘူး။ လက်မခံနိုင်တာက၊ဒီသီချင်းက ကိုယ်တွေ ငယ်ငယ်ကထဲက ရင်ဘတ်ထဲမှာ စွဲမြဲခဲ့ပြီး အရမ်းနှစ်သက်ခဲ့ရသလို၊အဲ့ဒီအချိန်တုန်းက လူတွေ အားလုံးရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး သီချင်းတပုဒ်လဲဖြစ်ခဲ့တာပါ။ တကယ်တော့ ဒီသီချင်းက ဦးနု ခေတ်၊၁၉၅၂ လောက်မှာ ပြည်တော်သာ စည်မံကိန်း အတွက် သီချင်းတွေ ရေးခိုင်းပြီး၊ပြည်‌တော်သာစီမံကိန်း Trademark တခုအဖြစ်သုံးမယ်ဆိုပြီး ပြိုင်ပွဲ လုပ်ခဲ့ရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး အရွေးမခံရတဲ့ သီချင်းတပုဒ်ပါ။ ဦးနု ရဲ့ ကော်မတီက ရွေးချယ်လိုက်တဲ့သီချင်းက ဘယ်သီချင်းမှန်းတောင်မသိလိုက်၊မမှတ်မိ လိုက်ပေမဲ့၊ (လူချွန်လူကောင်းကတော့)အဲ့ဒီပြိုင်ပွဲကြောင့် ပေါ်လာတဲ့ သီချင်းဆိုတာကိုတော့ လူတိုင်းသိကြ သလို ဒီနေ့အထိ လူတိုင်းရဲ့ပါးစပ်ဖျားမှာ တည်ကျန်နေလျှက်ပါ။ ဒီလို အဓိပ္ပါယ်၊အနှစ်သာရ၊ပြည့်ပြီး၊Tune , Malody ကောင်းတဲ့ သီချင်းတပုဒ် က ပြည်သူတွေ အားလုံး ကြိုက်နှစ်သက် နေကြရင်၊ဒီသီချင်းက ပြည်သူပိုင် ပစ္စည်းပါ။သဘောက ပုဂွလိက ပိုင် ၊ အကျိုးစီးပွား တခုခု အတွက် တလွဲအသုံးပြုခွင့် မလုပ်သင့်ပါဘူး။ အဲ့လို အသုံးပြုခွင့်ပေး လိုက်ခြင်းဟာ၊ အောက်တန်းစား ဆန်ခြင်းသာဖြစ်ပါတယ်။ (more…)
Read More