ရန်ပုံငွေပြတ်လပ်နေချိန်တွင် မြန်မာနိုင်ငံရှိ လူတစ်သန်းကို စားနပ်ရိက္ခာအကူအညီ ဖြတ်တောက်မည်ဟု WFP က သတိပေးထား
မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံရှိ လူပေါင်း တစ်သန်းကျော်ကို WFP ၏ အသက်ကယ်စားနပ်ရိက္ခာအကူအညီမှ ဧပြီလတွင် စတင်၍ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့က သတိပေးထားသည်။ ပဋိပက္ခများ တိုးပွားလာခြင်း၊ နေရာရွှေ့ပြောင်းခြင်းနှင့် ဝင်ရောက်ခွင့် ကန့်သတ်ချက်များသည် စားနပ်ရိက္ခာ အထောက်အပံ့ လိုအပ်ချက်များကို သိသိသာသာ တွန်းအားပေးနေပြီ ဖြစ်သောကြောင့် အဆိုပါ ဖြတ်တောက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရန်ပုံငွေအသစ် ချက်ချင်းမရရှိပါကWFP သည် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သူ ၃၅,၀၀၀ ကိုသာ ကူညီနိုင်မည်ဖြစ်သည်ဟု ကြေညာချက်ကဆိုသည်။ (more…)