ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်မှ ညစ်ညမ်းရေများကို သန့်စင်ဖို့ရေစစ်ဆည်များ တည်ဆောက်ရန် စီစဉ်နေ
မေလ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အိမ်နီးချင်း မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းမှ အန္တရာယ်ရှိသော ညစ်ညမ်းမှုများကို စစ်ထုတ်ရန်အတွက် မြောက်ပိုင်းမြစ်များပေါ်တွင် ရေစစ်ဆည်များတည်ဆောက်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ရ်နေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။ ရေနမူနာများတွင်ချင်းမိုင်နှင့်ချင်းရိုင်ခရိုင်များရှိ Kok၊ Sai နှင့် မဲခေါင်မြစ်များတွင် အန္တရာယ်မကင်းသော သတ္တုအကြီးစားများ အထူးသဖြင့် အာဆင်းနစ်နှင့် ခဲတို့ကို တွေ့ရှိခဲ့သည်။ အဆိုပါ ညစ်ညမ်းမှုသည် မြန်မာနိုင်ငံရှိ မိုင်းတွင်းများမှ ထွက်လာသည်ဟု ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် Mr Phumtham က ပြောသည်။ (more…)