သမ္မတ Trump

ခရီးသွားပိတ်ပင်မှုအသစ်အတွက် မူကြမ်းစာရင်းတွင် Trump သည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံကို ပစ်မှတ်ထားရန် အဆိုပြု

ခရီးသွားပိတ်ပင်မှုအသစ်အတွက် မူကြမ်းစာရင်းတွင် Trump သည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံကို ပစ်မှတ်ထားရန် အဆိုပြု

မတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်သို့ ခရီးသွားလာမှု တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သမ္မတ Trump ၏ ပထမသက်တမ်းအတွင်း ချမှတ်ထားသော ကန့်သတ်ချက်များထက် ပိုမိုကျယ်ပြန့်မည့် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ နိုင်ငံသားများကို ပစ်မှတ်ထားရန် Trump အစိုးရက စဉ်းစားနေကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် အရာရှိများထံမှ သိရသည်ဟု New York Times သတင်းက မတ်လ ၁၅ ရက်တွင်ဖော်ပြသည်။ သံတမန်ရေးရာနှင့် လုံခြုံရေးအရာရှိများက ရေးဆွဲထားသည့် အကြံပြုချက်မူကြမ်းစာရင်းတွင်ယင်း နိုင်ငံသားများအား အမေရိကန်သို့ ဝင်ရောက်ခွင့်ကို လုံးလုံးလျားလျား တားမြစ်ခံရမည့် နိုင်ငံပေါင်း ၁၁ နိုင်ငံ၏ “အနီရောင်” စာရင်းကို အကြံပြုထားသည်။ (more…)
Read More