သြဂုတ်လမှာထပ်မံတွေ့ရှိ

မတ်လကပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုမှာ ရုပ်အလောင်းငါးလောင်း သြဂုတ်လမှာထပ်မံတွေ့ရှိ

မတ်လကပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုမှာ ရုပ်အလောင်းငါးလောင်း သြဂုတ်လမှာထပ်မံတွေ့ရှိ

ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာ အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့ပြီး နှစ်ရက်အတွင်း အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန (MFSD) ကသတင်းထုတ်ပြန်တယ်လို့ The Nation သတင်းကသြဂုတ် ၁၇ရက်နေ့မှာဖော်ပြပါတယ်။ Sky Villa ကွန်ဒိုရဲ့အပျက်အစီးတွေကို အေးရှားဝေါလ် ကုမ္ပဏီနဲ့ စည်ပင်သာယာရေး ကော်မတီတို့က ရှင်းလင်းနေပြီး ဩဂုတ် ၁၃ ရက်ကတည်းက ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့အလောင်းကိုသြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ အခန်းအမှတ် E3၊ တတိယထပ် အဆောက်အအုံ A မှာ တွေ့ရှိခဲ့ပြီး အလောင်းကို နံနက် ၁၀ နာရီ ၅၀ မိနစ်မှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကိုအရေးပေါ်လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ MFSD က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒိနေ့နေ့ညနေပိုင်းမှာပဲအခန်းအမှတ် E3၊တတိယထပ်၊အဆောက်အအုံ A မှာအမျိုးသမီးတစ်ဦးရဲ့ အလောင်းကိုတွေ့ရှိခဲ့ပါတယ်။ (more…)
Read More