အကူအညီများ ဖြတ်တောက်မှုများ

ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အကူအညီများ ဖြတ်တောက်မှုများကြောင့် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများစားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အကူအညီများ ဖြတ်တောက်မှုများကြောင့် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများစားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာလျှော့ချလိုက်သောကြောင့် ဒုက္ခသည် တစ်သိန်းကျော် ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံနေရကြောင်း၊ အမေရိကန်အပါအဝင် အခြားအလှူရှင်နိုင်ငံတွေ အနေနဲ့ အစုအပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ ကမ္ဘာတဝှမ်းမှ ကရင်လူမှုအဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်ဟု RFA သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။ နယ်စပ် ဒုက္ခသည်စခန်းများမှ ကရင် နှင့်ကရင်နီ (ကယား) လူမျိုး အများစုဖြစ်သည့် ဒုက္ခသည် ၁၀,၈၀၀၀သည် လက်ရှိတွင် စားနပ်ရိက္ခာနည်းပါးနေပြီး လူသားချင်းစာနာထောက်မှုအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်ဟုဆိုသည်။ အသက် ငါးနှစ်အောက် ကလေးများအတွက် ရိက္ခာ တစ်လ အမေရိကန် ၁.၅ ဒေါ်လာ (ထိုင်းဘတ် ၅၃ ဘတ်)၊ အသက် ငါးနှစ်အထက် အတွက် ရိက္ခာတစ်လ ၂.၄ ဒေါ်လာ ( ထိုင်းဘတ်ငွေ ၈၇ ဘတ်) အထိ သာ ရရှိသည်ဟုဖော်ပြသည်။ ယခုကဲ့သို့ မလျှော့ချခင်ကထဲက ဒုက္ခသည်များသည် အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်သောအနိမ့်ဆုံး စားနပ်ရိက္ခာထက် လျော့နည်းရရှိနေခြင်းဖြစ်သည်ဟုလည်းတသတင်းကဆိုသည်။ (more…)
Read More