အထိုင်ပေါ်မှ စဥ်းစားချက်များ

ပုံသဏ္ဍာန်ကိုဖက်တွယ် အနှစ်သာရကင်းမဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအထိုင်ပေါ်မှ စဥ်းစားချက်များကို ဆန်းစစ် ဝေဖန်ခြင်း

ပုံသဏ္ဍာန်ကိုဖက်တွယ် အနှစ်သာရကင်းမဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအထိုင်ပေါ်မှ စဥ်းစားချက်များကို ဆန်းစစ် ဝေဖန်ခြင်း

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပိုက်လိုက်တဲ့အတွက် ထွက်ပေါ်လာတဲ့ နိုင်ငံရေးအင်အားစုတွေထဲက တခုသာလျှင်ဖြစ်တယ်လို့ ဦးစွာပထမ ပြောရပါလိမ့်မယ်။ ၂၀၂၁ စစ်တပ်ကသာ အာဏာမသိမ်းရင် အဆိုပါအစိုးရအဖွဲ့ဝင်အများစုဟာ စစ်အုပ်စုနဲ့အတူ နေပြည်တော်မှာ အစိုးရဖြစ်နေဦးမယ့်လူတွေဖြစ်ကြပါတယ်။ဆိုလိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထားတဲ့ ရွေးကောက်ပွဲဝင်ပါတီများက အမတ်တွေဆက်ဖြစ်နေကြမယ့်လူတွေပဲလို့ တိတိကျကျပြောရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အခါ စစ်အုပ်စုကို တော်လှန်ကြဖို့ ရည်ရွယ်ချက်ရှိတဲ့ လူငယ်တွေ၊ နိုင်ငံရေးအင်အားစုတွေအားလုံးနီးပါး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြပါတယ်။လမ်းပေါ်မှာ အသက်တွေပေးသွားကြရပါတယ်။နောက်ဆုံးတော့ လက်နက်ကို လက်နက်နဲ့တုံ့ပြန်တာ တရားတယ်ဆိုတဲ့ အယူအဆကိုကိုင်ပြီး တောခိုကြပါတယ်။ တောထဲရောက်တဲ့အချိန်မှာ လူမျိုးစုတော်လှန်ရေးတပ်တွေ ( EROs) တွေဆီမှာ စစ်သင်တန်းတက်ကြပါတယ်။ လက်နက် ရအောင် ရှာကြရပါတယ်။တပ်သားတွေစုဖွဲ့ပြီး တပ် တည်ဆောက်တဲ့အခါမှာ မိမိတို့ကိုယ်တိုင် အလှူခံပြီး တပ်ကိုကျွေးတာတွေ၊လက်နက်ခဲယမ်း ဝယ်ယူစုဆောင်းတာတွေ လုပ်ကြရပါတယ်။ တောထဲတောင်ထဲမှာ လူငယ်တွေ အပင်ပန်းခံ စစ်ပညာသင်ယူပြီး တပ်တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ NUG အစိုးရကို ဖွဲ့တာဖြစ်ပါတယ်။ဒီလိုဖွဲ့လို့လည်း တောထဲက လူငယ်တွေက အပြစ်မတင်ပါဘူး။နိုင်ငံရေးအင်အားစုတွေကလည်း မငြိုငြင်ပါဘူး။ အစိုးရအဖွဲ့ဖွဲ့ပြီး နိုင်ငံရေးခေါင်းဆောင်မှု၊စစ်ရေးခေါင်းဆောင်မှုတွေကို NUG က ယူခဲ့ပါတယ်။သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အောက်ကို နဂိုစုဖွဲ့ပြီးသားတပ်တွေအတော်များများ လွှဲပြောင်းရယူခဲ့ပါတယ် ဒီနေရာမှာစပြီး သူတို့ရဲ့စဥ်းစားချက်ကို သေသေချာချာသုံးသပ်ဖို့လိုအပ်လာပါပြီ။ (၁) ငါတို့သည် အစိုးရဖြစ်သည်။ (၂) ငါတို့မှာ တရားဝင်မှုရှိသည်။ (၃) ငါတို့ကိုသာလျှင် နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရမည်။ (၄) လက်နက်ကိုင်တပ်မှန်သမျှ ငါတို့၏ COC…
Read More