အမေရိကန်ထည့်သွင်း

မြန်မာ၊ဘိုလီးဗီးယား၊ဗင်နီဇွဲလား၊အာဖဂန်နစ္စတန်နဲ့ ကိုလံဘီယာတို့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံစာရင်းမှာ အမေရိကန်က ထည့်သွင်း

မြန်မာ၊ဘိုလီးဗီးယား၊ဗင်နီဇွဲလား၊အာဖဂန်နစ္စတန်နဲ့ ကိုလံဘီယာတို့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံစာရင်းမှာ အမေရိကန်က ထည့်သွင်း

စက်တင်ဘာ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ “အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ သည် နိုင်ငံတကာ မူးယစ်ဆေးဝါးနှိမ်နင်းရေး သဘောတူညီချက်တွေအောက်မှာ၎င်းတို့ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့လွန်ခဲ့တဲ့၁၂ လအတွင်း ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ ကြေငြာချက်ကို စက်တင်ဘာ ၂၆ရက်နေ့က ဖော်ပြထားတယ်လို့ TRT World စာမျက်နှာကဖော်ပြပါတယ်။ "ကိုလံဘီယာမှာကိုကာစိုက်ပျိုးမှုနဲ့ ကိုကင်းထုတ်လုပ်မှုဟာ သမ္မတ Gustavo Petro လက်ထက်မှာ အချိန်တိုင်းမှတ်တမ်းအထိ မြင့်တက်လာခဲ့ပြီး မူးယစ်ဆေးဝါး-အကြမ်းဖက်အဖွဲ့တွေကိုတိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့ခြင်းဟာအကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့တယ်"လို့ ဟုTrump ရဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပြီး ၎င်းတို့ရဲ့သတ္တိနဲ ကျွမ်းကျင်မှု" အတွက် ကိုလံဘီယာလုံခြုံရေးဝန်ထမ်းတွေကို ကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပါတယ်။ "ပြီးခဲ့တဲ့နှစ်မှာကိုလံဘီယာရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးတာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ပျက်ကွက်မှုဟာ ၎င်းရဲ့နိုင်ငံရေးခေါင်းဆောင်မှုမှာသာ တည်ပါတယ်။ ကိုလံဘီယာအစိုးရကကိုကာကို အမြစ်ပြတ်ချေမှုန်ဖို့နဲ့ကိုကင်းထုတ်လုပ်မှုနဲ့ရောင်းဝယ်ဖောက်ကားမှု လျှော့ချဖို့ ပိုမိုပြင်းထန်စွာ လုပ်ဆောင်ခဲ့ရင် ဒီအမည်ကို ပြောင်းလဲဖို့စဉ်းစားမယ်" လို့ကြေငြာချက်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ (more…)
Read More