အမေရိကန်၏ စည်းကြပ်ခွန်

အမေရိကန်၏ စည်းကြပ်ခွန်များသည် ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးကိုထိခိုက်မည်ဟုမြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များက သတိပေးထား

အမေရိကန်၏ စည်းကြပ်ခွန်များသည် ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးကိုထိခိုက်မည်ဟုမြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များက သတိပေးထား

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်၏စည်းကြပ်ခွန်များသည်သေဆုံးသူ ၃၆၀၀ အထိ တိုးလာ သည့်ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံ၏ ပြန်လည်နာလန်ထူလာရေးကိုခြိမ်းခြေက်နေသည်ဟုမြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များက သတိပေးထားသည်ဟု AFP သတင်းကဧပြီ ၈ရက်တွင်ဖော်ပြသည်။ သမ္မတဒေါ်နယ်ထရန့်၏ စည်းကြပ်ခွန်ကောက်ခံမှုသည် ပြီးခဲ့သောလက လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အိမ်များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း ထောင်ပေါင်းများစွာကို ပြိုကျပျက်စီးခဲ့ရပြီး မြန်မာနိုင်ငံမှသွင်းကုန်များအပေါ်အမေရိကန်ကအခွန် ၄၄ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ မတ်လ ၂၈ ရက်နေ့ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ရှိပြီး လူပေါင်း ၅၀၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁၆၀ ဦး ပျောက်ဆုံးနေသည်ဟုစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောသည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ဧပြီ၉ရက်နေ့မှ စတင်အသက်ဝင်မည့် အခွန်အကောက်များသည် လူပေါင်း ၅၀၀,၀၀၀ ကျော်ကို အလုပ်ခန့်ထားသည့် လုပ်ငန်းများတွင် “အလွန်စိုးရိမ်စရာများ” ဖြစ်စေသည်ဟု ဆိုသည်။ “မြန်မာနိုင်ငံ၏ လက်ရှိစိန်ခေါ်မှုအခြေအနေများကြားတွင် အခွန်စည်းကြပ်မှုအသစ်များသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော မြန်မာစီးပွားရေးလုပ်ငန်းများ၏ အားနည်းချက်ကို တိုးမြင့်လာစေလိမ့်မည်” ဟု အဆိုပါအဖွဲ့မှ ဧပြီ ၇ရက်နေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်သည် မြန်မာစီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းများနှင့် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများစွာကို ပိုမိုဆိုးရွားစေလိမ့်မည်” ဟု ၎င်းကဆိုသည်။ (more…)
Read More