အရုပ်ကြီးသုံးရုပ်နဲ့ ဖြေရှင်း၍မလွယ်ပါ

AA က စမှတ်ပြု့လိုက်သလားအရုပ်ကြီးသုံးရုပ်နဲ့ ဖြေရှင်း၍မလွယ်ပါ

AA က စမှတ်ပြု့လိုက်သလားအရုပ်ကြီးသုံးရုပ်နဲ့ ဖြေရှင်း၍မလွယ်ပါ

-အာရက္ခအိမ်မက်ကိုလည်း (British Legacy) ရှု့ဒေါင့်ကနေ ရခိုင်စကောလာအချို့ ရေးသားတင်ပြမှု့တွေကို ဖတ်ရပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ကုန်းဘောင်မင်းဆက်နဲ့အင်္ဂလိပ်တို့ကြားစစ်ပြေငြိမ်းရေး နယ်မြေပိုင်းခြားမှု့ကို ပြန်လှန်ကိုးကားတာကို သတိ့ပြု့မိပါတယ်။ -ကရင်နီနယ်မြေကလည်း အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ စစ်ပြေးငြိမ်းရေးစာချုပ်ကို ကိုးကားကြတာတွေ့ရပါတယ်။ -အခြားတိုင်းရင်းသားအသီးသီးကလည်း အင်္ဂလိပ်/ဗြိတိသျှအမွေခံ(British Legacy) ကို ကိုးကားကြတာကိုတွေ့ရပါတယ်။ *မြန်မာနိုင်ငံရယ်လို့ပေါ်ထွန်းလာစေခဲ့တဲ့ သမိုင်းဝင် ပင်လုံစာချုပ်သည်ပင်လျင် ဗြိတိသျအမွေခံလို့ ဆိုနိုင်ပါတယ်။ စာချုပ်ကြီး လေးခုနဲ့ ဗြိတိသျှထံက လွတ်လပ်ရေးရယူထားခဲ့တဲ့မြန်မာပြည်ဟာ ဗြိတိသျှဘားမားနဲ့တရုတ်၊ထိုင်း၊ပြင်သစ်အင်ဒိုချိုင်းနားတို့နဲ့ပက်သက်ချုပ်ဆိုခဲ့တဲ့ စာချုပ်စာတန်းများအပေါ်မှာလည်း တာဝန်ခံမှု့ရှိ့နေတဲ့သဘောလို့ယူဆရပါတယ်။ စစ်အုပ်ချုပ်ရေးနှစ် ၆၀ ကျော်အောက်မှာ စစ်အာဏာရှင်တို့ဟာ သမိုင်းဖြစ်စဉ်များကို ၎င်းတို့အကျိုးအတွက်သာ ပညာရေးစနစ်အတွင်းပြဌာန်းခဲ့ပါတယ်။ စစ်အုပ်စုဟာ သမိုင်းမှန်တွေကို ပြည်သူများမသိရှိ့စေရန် ထိမ်ချန်ပြီး ၎င်းတို့သိ့စေလိုသလောက်သာ ပြဌာန်းခဲ့ပါတယ်။သမိုင်းမျက်စေ့ပိတ်အောင်၊တစ်ဖက်သတ် သမိုင်းအမြင်အားကောင်းအောင် ပုံသွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံရေးမှာ စစ်တပ်ပါနေမှဖြစ်မယ်ဆိုတာကိုပုံသွင်းဖို့သမိုင်းအမြင်ကျဉ်းမြောင်းစေရန် စီမံခဲ့ပါတယ်။ယနေ့ ပြည်မတော်လှန်ရေးနဲ့တိုင်းရင်းသားတို့ရဲ့ နှစ် ၇၀ တော်လှန်ရေးကို ဟန်ချက်ညီပေါင်းစပ်ဖို့ဆိုရင် သမိုင်း အမြင်ရှု့ဒေါင့်ညီညွတ်အောင် ကနဦးကြိုးပန်းသင့်ကြတယ်လို့မြင်မိ့ပါတယ်။ ပြည်မနိုင်ငံရေးအင်အားစုတို့က သမိုင်းအမြင်ကို မဆလ ဗိုလ်နေဝင်းခေတ်က ပညာရေးစနစ်ထဲမှာ ကန့်သတ်ထားတဲ့ ဘောင်အတွင်းကနေဖောက်ထွက်ဖို့လိုအပ်လာတယ်မြင်မိ့ပါတယ်။ ယခုခေတ်စားနေတဲ့ ဧရာဝတီနဲ့ဗခ ထွန်းမြင့်နိုင်အင်တာဗျူးအရဆိုရင် "ရိုဟင်ဂျာ "ကိစ္စကို -ရခိုင်ဖက်က အင်္ဂလိပ်/ ဗြိတိသျှ အမွေခံပြသနာ(British Legacy) အဖြစ်ရှု့မြင်ပုံကိုဖော်ပြပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းများနဲ့ ICJ လျောက်လဲချက်မှာလည်း ကိုလိုနီအမွေခံအဖြစ်လျောက်လဲခဲ့ပါတယ်။ -စစ်အုပ်စုကလည်း ကိုလိုနီအမွေခံအဖြစ် ကိုးကားလေ့ရှိ့ပြန်ပါတယ်။ AA က စမှတ်ပြု့လိုက်သလားအရုပ်ကြီးသုံးရုပ်နဲ့ ဖြေရှင်း၍မလွယ်ပါ -------------------------------------------- စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အင်္ဂလန်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု့ဖို့အဆိုတင်ပါတယ်။လုံခြုံရေးကောင်စီမှာ ပါလက်စတိုင်းအရေးကျ…
Read More