ဘန်ကောက်နဲ့ စမွတ်ပရာကန်ကနေရာတချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာထား
စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ စမွတ်ပရာကန်ရှိ နေရာကို ခွေးရူးပြန်ရောဂါ ယာယီကူးစက်ဇုန်အဖြစ် အရေးပေါ် ကြေညာခဲ့ပြီး ခွေး၊ ကြောင်နဲ့ အခြားနို့တိုက်သတ္တဝါတွေပြောင်းရွှေ့မှုကို ရက် ၃ဝ ပိတ်ပင် လိုက်တယ်လို့ The Nation သတင်းမှာ စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်မှာခွေးရူးပြန်ရောဂါဖြစ်ပွားမှုတွေ တွေ့ရှိပြီးနောက် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနဲ့အခြားနို့တိုက်သတ္တဝါတွေဆီကိုကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့ကနေအောက်တိုဘာလ ၈ ရက်နေ့အထိ ဒီနေရာတွေမှာ အရေးပေါ်စောင်ကြည့်ရေးဇုန်အဖြစ်သတ်မှတ်ထားတယ်လို့ထုတ်ပြန်ပါတယ်။ သတ်မှတ်ထားတဲ့ဇုန်အတွင်းမှာ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ စာနဲ့ရေးသားခွင့်ပြုချက်မရှိဘဲ ခွေး၊ ကြောင် သို့မဟုတ် ၎င်းတို့ရဲ့ အသေကောင်တွေကို အပြင်ကိုရွှေ့ပြောင်းခြင်းမပြုဖို့၊ တိရစ္ဆာန်ပိုင်ရှင်တွေဟာဖျားနာနေတဲ့တိရစ္ဆာန်တွေကို ၁၂ နာရီအတွင်း အာဏာပိုင်တွေဆီကိုသတင်းပို့ဖို့နဲ့သေဆုံးသွားတဲ့တိရစ္ဆာန်တွေကို တိရစ္ဆာန်ဆေးကုဆရာဝန်တွေတးဆီကိုအကြောင်းမကြားမချင်း သေဆုံးတဲ့နေရာမှာသာ ထားရှိရန်ကြေညာထားပါတာ်။ (more…)