မြန်မာ့ရေယာဉ်ကို ရေပေါ်ပြန်ပေါ်စေရန်အတွက်အရှိန်မြှင့်ရန်လိုအပ်
ဇွန်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဏာပိုင်များသည် ယခုလအစောပိုင်းက ဖန်ငမြို့ရှိ Mu Koh Surin အမျိုးသားဥယျာဉ်အတွင်း သန္တာကျောက်တန်းတွင် သောင်တင်နေသော မြန်မာအလံတင် ကုန်တင်သင်္ဘောကို ပြန်လည်နေရာချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းကြောဂ့်ဂေဟစနစ်ကို သိသိသာသာ ပျက်စီးစေခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဇွန်လ ၁၈ရက်နေ့တွင်ဖော်ပြသည်။ MV Ayar Linn သင်္ဘော ဇွန် ၁ ရက်က သန္တာကျောက်တန်းတွင် သောင်တင်နေချိန်မှစ၍ အဖွဲ့များ စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်း အမျိုးသားဥယျာဉ် အကြီးအကဲ Kriangkrai Pohcharoen က ဇွန်လ ၁၇ရက်နေ့တွင် ပြောကြားခဲ့သည်။ သင်္ဘောအောက်ရှိ သန္တာကျောက်တန်းများ အများအပြား ပျက်စီးခဲ့ကြောင်းလည်းသူကဆိုသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဇွန် ၁၄ ရက်က စတင်ခဲ့ပြီး ပန်းခြံမှ ဝန်ထမ်းများ ပါဝင်သော အဓိကအဖွဲ့ ၃ ဖွဲ့၊ Marine National Park Operation Center 2 (Phuket)၊ Mu Koh Similan National Park၊ Phuket Rajabhat University မှ ပညာရှင်များနှင့် Moken အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များ ပါဝင်ကြသည်။ ပထမအဖွဲ့သည် ရေမြုပ်နေသော ပဲ့တွင် ချည်ထားသော ရေ 200 လီတာဖြည့်ထားသောစည်များကို အသုံးပြု၍ သင်္ဘောကို ပြန်ပေါ်လာစေ ရန် အာရုံစိုက်သည်။ ဖော့နိုင်ရန်အတွက်စည်များအတွင်းသို့လေများဖြည်းပေးပြီး သင်္ဘောကို ရေပြန်ပေါ်စေရန်အတွက် နောက်ထပ်စည်များနှင့် အိတ်များကို ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း Mr Kriangkrai…