အာဆီယံနိုင်ငံများက စိုးရိမ်ပူပန်နေကြဟုဆို

မြန်မာနိုင်ငံအကျပ်အတည်းနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများက စိုးရိမ်ပူပန်နေကြဟုဆို

မြန်မာနိုင်ငံအကျပ်အတည်းနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများက စိုးရိမ်ပူပန်နေကြဟုဆို

ဇူလိုင်လ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပနေသည့်၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ၌အာဆီယံအဖွဲ့ဝင်နိုင်ငံမျက မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်ဟု Antara သတင်းကဇူလိုင် ၁၀ရက်နေ့တွင်ဖော်ပြသည်။ “မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ကျွန်တော်တို့ နိုင်ငံတွင်း ငြိမ်းချမ်းရေးကို လိုချင်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက ကွာလာလမ်ပူတွင် ထူလိုင်၉ရက်နေ့က ကျင်းပသော ၅၈ ကြိမ်မြောက် AMM အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပံ့ပိုးပေးနိုင်သည့် ဦးစားပေးအကူအညီဖြင့် စတင်ကာ ပူးပေါင်းဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ (more…)
Read More