အာဇာနည်ဗိမာန်ကို လေးစားကြပါ

အာဇာနည်ဗိမာန်ကို လေးစားကြပါ၊ နိုင်ငံရေးအတွက် မသုံးပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းကဆို

အာဇာနည်ဗိမာန်ကို လေးစားကြပါ၊ နိုင်ငံရေးအတွက် မသုံးပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းကဆို

ဇူလိုင်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရန်ကုန်က လတ်တလောထွက်ပေါ်တဲ့ သတင်းတွေကို မြင်ပြီး ကျွန်တော် အံ့အားသင့်သွားမိပါတယ်။ အာဇာနည်ဗိမာန်မှာဖိုးဖိုးနဲ့ သူနဲ့အတူ သေဆုံးခဲ့သူတွေကို ဂုဏ်ပြုပြီး အမှတ်တရထားတဲ့ ဂုဏ်သိက္ခာရှိတဲ့နေရာမှာ မေမေ့ရဲ့ ဘယ်လိုမှနီးစပ်ခြင်း မရှိတဲ့ ဖိုးဖိုးအစ်ကိုရဲ့မြေး ရဲအောင်သန်း က ဖိုးဖိုးရဲ့ အုတ်ဂူရှေ့မှာ အရိုအသေပြုနေတာ မြင်ရပါတယ်။ တခါမှ မတွေ့ဖူးတဲ့ လုပ်ရပ်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ် ကင်မ်အဲရစ် မြန်မာအမည်ကိုထိန်လင်းကသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင် ၂၇ရက်ကဖော်ပြပါတယ်။ မသိသူများအတွက် ပြောရရင်၊ ဒီမိသားစုဟာ ဖိုးဖိုးရဲ့ အမွေအနှစ်ကို မထိန်းသိမ်းသလို မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ နီးစပ်ခြင်း မရှိခဲ့ပါဘူး။ မေမေ့အကို ဦးအောင်ဆန်းဦးကလည်း သူ့ရဲ့သွေးချင်းညီမကို မယုံနိုင်လောက်တဲ့ အပြုအမူတွေ လုပ်တယ်၊ လူသိရှင်ကြားဘဲ မချေမငံဆက်ဆံတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ ဖိုးဖိုးနဲ့ မေမေရဲ့တည်မြဲခိုင်မာတဲ့ အယူအဆတွေ တန်ဖိုးထားမှုတွေနဲ့ ဘယ်တော့မှ မကိုက်ညီခဲ့ဘူး။ (more…)
Read More