အာဏာသိမ်းစစ်ခေါင်းဆောင်

သတ္တုတူးဖော်‌‌ရေးနဲ့ လျှပ်စစ်ပစ္စည်းစက်ရုံဆောက်ရေး ဘေကျင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံးနေ

သတ္တုတူးဖော်‌‌ရေးနဲ့ လျှပ်စစ်ပစ္စည်းစက်ရုံဆောက်ရေး ဘေကျင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံးနေ

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာက သတ္တုထူးဖော်ရေး လုပ်ငန်းတွေမှာ ကုန်ချောတွေ ထုတ်နိုင်တဲ့အထိ ပူးပေါင်းဖို့နဲ့ လျှပ်စစ်စက်ရုံလာဆောက်ကြဖို့ ဘေကျင်းအခြေစိုက် TBEA လျှပ်စစ်ကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တယ်လို့ BBC သတင်းကစက်တင်ဘာ ၄ရက်နေ့မှာဖော်ပြပါတယ်။ မင်းအောင်လှိုင်က သူ့ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒီအကြောင်း ဆွေးနွေးခဲ့တာလို့ ဆိုပေမဲ့ ဘယ်လို သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့ဆိုတာတော့ စစ်ကော်မရှင် သတင်းမှာ တိတိကျကျ မပြောထားပါဘူး။ အာဏာလုစစ်ခေါင်းဆောင်ဟာ ဘေကျင်းမှာ စက်တင်ဘာလ ၃ ရက်တုန်းက ပြုလုပ်တဲ့ စစ်ရေးပြပွဲကို တက်ရောက်အပြီးမှာ အခုလိုဆွေးနွေးခဲ့တာပါ။ သတ္တုအပြင် လျှပ်စစ်ပစ္စည်းထုတ်တဲ့ စက်ရုံတွေတည်ဆောက်ဖို့ကိုလည်း စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ (more…)
Read More
SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုသွားရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကသြဂုတ် ၂၈ရက်မှာနေ့တွင် ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း မကြုံစဖူး လက်နက်ကိုင် အုံကြွမှုတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံဟာပရမ်းပတာ ဖြစ်နေတယ်လို့လည်းဆိုပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ သြဂုတ် ၃၁ရက်နေ့မှာ စတင်မယ့် ထိပ်သီးအစည်းအဝေးကို သွားရောက်မှာဖြစ်ကြောင်း မြဝတီရုပ်သံက ဖော်ပြပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံတွင်ရောက်နေသော အာဏာသိမ်းစစ်ခေါင်းဆောင် ကို ဖမ်းဖို့ အင်တာပို ကို အကြောင်းကြား

ထိုင်းနိုင်ငံတွင်ရောက်နေသော အာဏာသိမ်းစစ်ခေါင်းဆောင် ကို ဖမ်းဖို့ အင်တာပို ကို အကြောင်းကြား

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဧပြီလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ကို (BIMSTEC) အစည်းအဝေးတက်ရောက်ဖို့ ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ကို ဖမ်းဆီးပေးဖို့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း - ယူကေ (BROUK) က နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) ကို အကြောင်းကြားထားကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့အစည်း - ယူကေ (BROUK) ရဲ့ဦးဆောင်သူ ဦးထွန်းခင် က သူ့ရဲ့ တွစ်တာ မှာတင်ထားပါတယ်။ (more…)
Read More