အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ
အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအခြေအနေ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက် ဩဂုတ်လ ၁၈၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ “ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နဲ့ ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေ)တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာပိုမို အားကောင်းလာခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက် ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း- ဩရိဿပြည်နယ်တောင်ပိုင်း)ကမ်းခြေတို့မှာအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ (more…)