အိမ်ဖြူတော်

ဗီဇာ ဒဏ်ခတ်ပိတ်ဆို့မှု ခြိမ်းခြောက်မှုအပြီး အမေရိကန်နှင့်ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာနဆွေးနွေးမည်

ဗီဇာ ဒဏ်ခတ်ပိတ်ဆို့မှု ခြိမ်းခြောက်မှုအပြီး အမေရိကန်နှင့်ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာနဆွေးနွေးမည်

မတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မကြာသေးမီက တရုတ်နိုင်ငံသို့ ဝီဂါများ ပြည်နှင်ဒဏ်ခံရမှုတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းအရာရှိများအတွက် ဗီဇာကန့်သတ်ထားမည်ဟု ကြေညာပြီးနောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနအား အမေရိကန်နှင့် စကားပြောရန် တာဝန်ပေးခဲ့သည်ဟု The Nation သတင်းကမတ်လ ၁၈ ရက်ကဖော်ပြသည်။ မတ်လ ၁၈ ရက်နေ့ အပတ်စဉ်အစိုးရ အစည်းအဝေး မတိုင်မီ သတင်းထောက်များအား ပြောကြားရာတွင် ဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသည်ဝီဂါများကို နေရပ်ပြန်ပို့ခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (more…)
Read More
ခရီးသွားပိတ်ပင်မှုအသစ်အတွက် မူကြမ်းစာရင်းတွင် Trump သည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံကို ပစ်မှတ်ထားရန် အဆိုပြု

ခရီးသွားပိတ်ပင်မှုအသစ်အတွက် မူကြမ်းစာရင်းတွင် Trump သည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံကို ပစ်မှတ်ထားရန် အဆိုပြု

မတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်သို့ ခရီးသွားလာမှု တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သမ္မတ Trump ၏ ပထမသက်တမ်းအတွင်း ချမှတ်ထားသော ကန့်သတ်ချက်များထက် ပိုမိုကျယ်ပြန့်မည့် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ နိုင်ငံသားများကို ပစ်မှတ်ထားရန် Trump အစိုးရက စဉ်းစားနေကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် အရာရှိများထံမှ သိရသည်ဟု New York Times သတင်းက မတ်လ ၁၅ ရက်တွင်ဖော်ပြသည်။ သံတမန်ရေးရာနှင့် လုံခြုံရေးအရာရှိများက ရေးဆွဲထားသည့် အကြံပြုချက်မူကြမ်းစာရင်းတွင်ယင်း နိုင်ငံသားများအား အမေရိကန်သို့ ဝင်ရောက်ခွင့်ကို လုံးလုံးလျားလျား တားမြစ်ခံရမည့် နိုင်ငံပေါင်း ၁၁ နိုင်ငံ၏ “အနီရောင်” စာရင်းကို အကြံပြုထားသည်။ (more…)
Read More