အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်

မြန်မာအခြေစိုက် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်ကို ထိုင်းဖမ်းဆီး

မြန်မာအခြေစိုက် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်ကို ထိုင်းဖမ်းဆီး

မေလ ၂၄၊ ၂၀၁၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှုထောက်လှမ်းရေးဗျုရို(CCIB) သည် နှစ်စဉ် ဘတ်ငွေ သန်း ၁၂၀ ကျော် လည်ပတ်နေသော 3AVIPBET လောင်းကစား ဝက်ဘ်ဆိုဒ်ကို ပိတ်လိုက်ပြီး နိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသည့် အဓိက သံသယရှိသူကို ဖမ်းဆီးခဲ့သည်ဟု Thai Enquirer သတင်းကမေ ၂၄ရက်တွင်ဖော်ပြသည်။ ဟောင်ကောင်သို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် သုဝဏ္ဏဘူမိလေဆိပ်တွင် ထိုင်းအမျိုးသမီးတစ်ဦးအပါအဝင် သံသယရှိသူငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဘတ်ငွေ ၇ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အများပြည်သူ၏တိုင်ကြားချက်များရရှိခဲ့အပြီးတွင် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးနှင့် အင်တာနက်အသုံးပြုခွင့်ကို အစိုးရက ပိတ်ဆို့ထားသော်လည်း ဖုန်းခေါ်ဆိုခများနှင့် လောင်းကစားလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည့်မယ်ဆိုင်နယ်စပ်မြို့အနီးရှိသော မြန်မာနိုင်ငံရှိ ၎င်းကွန်ရက်၏ ပရိုဂရမ်အခြေစိုက်စခန်းအား အာဏာပိုင်များက ခြေရာခံရှာဖွေခဲ့သည်။ (more…)
Read More