ာရွေးကောက်ပွဲ

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတရားမျှတမှု မရှိနိုင်လို့သတိပေး

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတရားမျှတမှု မရှိနိုင်လို့သတိပေး

အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံမှာ စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲတွေ​ဟာ ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတွေရဲ့အကျပ်အတည်းကို ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးအဆင့်ကိုရောက်ရှိနေတယ်လို့စက်တင်ဘာ ၃၀ ရက်နေ့က သတိပေးခဲ့တယ်လို့ Anadolu Agency မှာဖော်ပြပါတယ် ။ “ယနေ့ မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအတွက် အဆိုးဆုံးဖြစ်နိုင်ပြီး ရှည်လျားတဲ့ နှိပ်စက်ညှဉ်းပန်းမှုသမိုင်းမှာ နောက်ထပ် ဆိုးရွားတဲ့အခန်းကို ပုံဖော်ထားပါတယ်” လို့ရိုဟင်ဂျာ မူဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့အဆင့်အတန်းမြင့် ညီလာခံမှာ Türk က ပြောကြားခဲ့ပါတယ်။ “ဒီမတရားမှုဟာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်ရဲ့ ထိပ်ဆုံးမှာ ရောက်နေတယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပေးပို့ရမှာဖြစ်ပြီး ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာ အသိုက်အဝန်းက အရေးယူပြီး သူတို့ရဲ့ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေကို ဖော်ဆောင်နိုင်ဖို့ ညီလာခံက အလေးပေး ပြောကြားခဲ့ပါတယ်"လို့လည်းသူကဆိုပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစတင်ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး မြန်မာစစ်တပ်ကရခိုင်ပြည်နယ်အနှံ့ အရပ်သားတွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပပြ်းအရပ်သားတွေကို တမင်တကာ သတ်ဖြတ်ခြင်း၊ အရပ်သားပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ မတရား ဖမ်းဆီးနှိပ်စက်ခြင်းတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကျူးလွန်ခဲ့တယ်လို့ Türk က ပြောကြားခဲ့ပါတယ်။ (more…)
Read More