ထိုင်း-မြန်မာနယ်စပ်ခြံစည်းရိုး၌ ကားခေါင်မိုးတွင် ဝှက်ထားသော မူးယစ်ဆေးဝါး ၁၀၀ ကီလိုဂရမ် တွေ့ရှိခဲ့
မေလ ၂၁ ၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကီလိုဂရမ် ၁၀၀ ရှိမက်တာဖီတမင်းနှင့် ကက်တမင်း မှောင်ခို သယ်ဆောင်လာသည့် ဒေသခံ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ဘန်ကောက်ပို့စ်ကမေ ၂၁ရက်တွင်ဖော်ပြသည်။ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နှင့် တာချီလိတ်ကို ဆက်သွယ်ထားသည့် အမှတ်၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွင် သံသယရှိသူ ၏ မော်တော်ယာဉ်ကို ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေခဲ့ကြောင်းသိရသည်။ မွန်းလွဲပိုင်းတွင် ချင်းရိုင်တွင် မှတ်ပုံတင်ထားသည့် အနက်ရောင် Chevrolet ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ရာရပ်တန့်ပြီး ရှာဖွေခဲ့သည်။ (more…)