Anadolu Agency သတင်းက

ရှရှားပူတင် မော်စကိုမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံ

ရှရှားပူတင် မော်စကိုမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံ

စက်တင်ဘာ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ စက်တက်ဘာ ၂၅ ရက်နေ့က မော်စကိုမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ရှည်လများ ဆက်ဆံရေးကို ထပ်မံအတည်ပြုပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ Anadolu Agency သတင်းကဖော်ပြပါတယ်​။ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်က နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တယ်လို့ပူတင်က ပြန်လည်အမှတ်ရခဲ့ပြီး မတ်လအတွင်းက မင်းအောင်လှိုင် ရုရှားနိုင်ငံကိုသွားရောက်လည်ပတ်စဉ်မှာ နှစ်နိုင်ငံအစိုးရ လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်တွေအတိုင်း လုပ်ဆောင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ "ဒီနေ့ကျနော်တို့ဟာမှတ်စုများကိုနှိုင်းယှဉ်ရန်နဲ့ ဒီလမ်းကြောင်းတွေအားလုံးမှာ ကျနော်တို့တိုးတက်မှုကိုကြည့်ရှုဖို့အခွင့်အရေးရှိပါတယ်" လို့သူကပြောပါတယ်။ မင်းအောင်လှိုင်က ကမ္ဘာ့အဏုမြူ ရက်သတ္တပတ်ကို တက်ရောက်ဖို့ဖိတ်ကြားခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ရုရှားနိုင်ငံမှာ မြန်မာရဲ့ သံတမန်ဆက်ဆံရေး တိုးပွားလာမှုကို မီးမောင်းထိုးပြခဲ့တယ်လို့သတင်းကဆိုပါတယ်။ (more…)
Read More