ဥပဒေပြုအမတ်ဟောင်း အပါအဝင် လူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား ၄၆ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့
ဖေဖော်ဝါရီ ၂၁၊၂၀၂၅ သောင်ရင်းသတင်းလွှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် အင်ဒရာမယုခရိုင် ဥပဒေပြုလွှတ်တော် (DPRD) ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးသည် မြန်မာနိုင်ငံ မြဝတီမြို့တွင်အခြား ၄၅ ဦးနှင့်အတူ လူကုန်အကူးခံခဲ့ရပြီး ဖေဖော်ဝါရီ ၂၀ ရက်ကထိုင်းနိုင်ငံဘက်သို့ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ANTARA သတင်းကဖော်ပြသည်။ လူကုန်ကူးခံရသူ ၄၆ ဦးသည် ပြည်နယ် ၉ ခုမှ ဖြစ်ကြပြီး အများစုမှာ မြောက်ဆူမားတြားနှင့် အနောက်ဂျာဗားတို့မှဖြစ်ကြောင်း နိုင်ငံခြားရေးဌာန၏ ဒါရိုက်တာ Judha Nugrahaကပြောကြားခဲ့သည်။ (more…)