BBC

မြီမိသားစု ၃ ဦးအပါအဝင်၂၃ ဦးကို ရုံးထုတ်စစ်ဆေး

မြီမိသားစု ၃ ဦးအပါအဝင်၂၃ ဦးကို ရုံးထုတ်စစ်ဆေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ကိုးကန့်ဒေသ၏အချမ်းသာဆုံးမိသားစုလေးခုထဲက မြီမိသားစုဝင် ၃ ဦးကို တရုတ်က ဒီကနေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောကြောင်း BBC က ဖေဖော်ဝါရီ ၁၉ ရက်ကဖော်ပြသည်။ ကွယ်လွန်သူ သူဌေးကြီး မြီရှောက်ချမ်း၏သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန် နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း အပါအဝင် ပြစ်မှုကျူးလွန်သူ၂၃ ဦးကို ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
မြန်မာမှာတကျော့ပြန်ခေါင်းထောင်လာတဲ့ တရုတ်ဇနီးမယားစျေးကွက်

မြန်မာမှာတကျော့ပြန်ခေါင်းထောင်လာတဲ့ တရုတ်ဇနီးမယားစျေးကွက်

ဖေဖော်ဝါရီ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ တရုတ်အမျိုးသားနဲ့ လက်ထပ်ပြီးကလေးမွေးဖွားပေးနိုင်ရင် တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရာကျော်နဲ့ တခြားအကျိုးခံစားခွင့်တွေရမယ်ဆိုတဲ့ မက်လုံးပေးကြော်ငြာတွေက လူမှုကွန်ရက် TikTok ၊ဖေ့ဘွတ်ခ်နဲ့ ဝီချက်တွေမှာ ပျံ့နှံ့နေပါတယ်လို့ BBCသတင်းကဖေဖော်ဝါရီ ၁၈ ရက်ကဖေါ်ပြပါတယ်။ တရုတ်အမျိုးသားတွေအတွက် မြန်မာဇနီးသည် ရှာတဲ့‌ စျေးကွက်ဟာ အရင်ကလို တရုတ်-မြန်မာနယ်စပ်မြို့တွေတင်မကဘဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအထိ ခြေဆန့်လာပါတယ်။ ရန်ကုန်မြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တချို့ကို တရုတ်ဇနီးလုပ်ဖို့ ကမ်းလှမ်းတဲ့ ရုပ်သံဖိုင် ၂ ခု လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့နောက် ဒီစျေးကွက်ပို ကြီးထွားလာမှာကို စိုးရိမ်နေကြပါတယ်။ (more…)
Read More
NUG ကရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်‌ကျော်တို့ကို ဖမ်းဝရမ်းထုတ်တရားစွဲဆိုမှု ရုပ်သိမ်းပေးရန် တောင်းဆို

NUG ကရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်‌ကျော်တို့ကို ဖမ်းဝရမ်းထုတ်တရားစွဲဆိုမှု ရုပ်သိမ်းပေးရန် တောင်းဆို

ဖေဖော်ဝါရီ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ရိုဟင်ဂျာများအားလူမျိုးတုံးသတ်ဖြတ်မှုနှင့်အာဂျင်တီးနားဖက်ဒရယ်တရားရုံးကထုတ်လိုက်သည့် ဖမ်းဝရမ်းစာရင်းထဲတွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်‌ကျော်တို့ပါဝင်နေသောကြောင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုခြင်းမှနေရုပ်သိမ်းပေးရန်အမျိုးသားညီညွတ်‌‌ရေးအစိုးရ(NUG) က စာထုတ်တောင်းဆိုလိုက်ကြောင်း BBC သတင်းကဖေဖော်ဝါရီ ၁၉ ရက်ကဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးထင်ကျော်တို့ကို တရားခံစာရင်းထဲထည့်လိုက်ပြီး ဖမ်းဝရမ်းထုတ်ခြင်းသည်မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်ဖြစ်ကြောင်း NUG က ဆိုသည်။ (more…)
Read More
BBC သတင်းဌာန၏ အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

BBC သတင်းဌာန၏ အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

ဖေဖော်ဝါရီ ၁၇၊၂၀၂၅ ။ သောင်ရင်းသတင်းလွှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဒီစွဲချက်နဲ့ အမှုကို ၂၀၁၉ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိကြီး/ငယ် ၂၁ ဦးက ဖမ်းဝရမ်းထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထဲမှာ အဲဒီ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါ၀င်နေပါတယ်။ ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းက စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို ဝရမ်းထုတ်မှုက ဘယ်လိုသဘောဆောင်လဲ။ (more…)
Read More
စစ်ခေါင်းဆောင်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်ပါ ဖမ်းဝရမ်းထုတ်ခံရ

စစ်ခေါင်းဆောင်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်ပါ ဖမ်းဝရမ်းထုတ်ခံရ

ဖေဖော်ဝါရီ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်များကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်သည့်စာရင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးထင်ကျော်တို့ပါ ပါဝင်လာသည်ဟု မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ မှာ ထုတ်ပြန်ကြောင်း BBCကဖေဖော်ဝါရီ ၁၅ ရက်ကဖော်ပြသည်။ လက်ရှိနိုင်ငံရေးအခြေအနေအရ အရပ်သား ခေါင်းဆောင်နှစ်ဦးအား ဖမ်းဝရမ်းမထုတ်ရန် BROUK ၏တောင်းဆိုချက်ကို တရားရုံးက လက္မခံဘဲ ဝရမ်းထဲထည့်ခဲ့သည်ဟုထုတ်ပြန်သည်။ (more…)
Read More