BGF ခေါင်းဆောင် စောချစ်သူ

BGF ခေါင်းဆောင် စောချစ်သူရဲ့ လုပ်ငန်းတချို့နဲ့ စီးပွားဖက် ရှီကျီကျန်း တို့ကို အမေရိကန်ပိတ်ဆို့အရေးယူ

BGF ခေါင်းဆောင် စောချစ်သူရဲ့ လုပ်ငန်းတချို့နဲ့ စီးပွားဖက် ရှီကျီကျန်း တို့ကို အမေရိကန်ပိတ်ဆို့အရေးယူ

စက်တင်ဘာ ၉၊ ၂၀၂၅  ။ သောင်ရင်းသတင်းလွှာ ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသမှာ လည်ပတ်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် ပစ်မှတ် ၉ ခု ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ အမေရိကန်ဘက်က ကြေညာတယ်လို့ ဘီဘီစီသတင်းက စက်တင်ဘာ ၉ ရက်မှာဖော်ပြပါတယ်။ စက်တင်ဘာ ၈ ရက်ထုတ်တဲ့ အမေရိကန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဲဒီကြေညာချက်မှာ အရှေ့တောင်အာရှက ငွေလိမ်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံဆုံးရှုံးနေရတာကြောင့် အခုလို ပိတ်ဆို့အရေးယူရတာဖြစ်တယ်လို့ ‌ပြောထားပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုစာရင်းထဲမှာ ထိုင်းက အကျဥ်း‌ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ကျားဖြန့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်း၊ BGF ( ကရင်နယ်ခြားစောင့်တပ်) အသွင်ပြောင်း KNA က ဗိုလ်မှူးကြီး စောမင်းမင်းဦးနဲ့ ဗိုလ်မှူးစောတင်ဝင်းတို့လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် အရေးယူခံရတဲ့စာရင်းထဲ ပါလာပါတယ်။ ရှီကျီကျန်းရဲ့ လုပ်ငန်းတွေထဲ အကြီးဆုံးစီမံကိန်းတွေက ရွှေကုက္ကိုလ်မှာလို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက အထောက်အထားတွေနဲ့ ထုတ်ဖော်ထားပါတယ်။ (more…)
Read More