DSI

DSI က China Railway ၏ ထိုင်းရှယ်ယာရှင်များအား ပြိုကျမှု စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထား

DSI က China Railway ၏ ထိုင်းရှယ်ယာရှင်များအား ပြိုကျမှု စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထား

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျခဲ့သည့် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး (SAO) ရုံးချုပ်ကို ဆောက်လုပ်ရန်အတွက် ကုမ္ပဏီအား ဘတ်ငွေ ၂.၁ ဘီလီယံတန် စာချုပ်ချုပ်ဆိုခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှ China Railway Number 10 (Thailand) Ltd ၏ ထိုင်းအစုရှယ်ယာရှင် (၃)ဦးအား ဘန်ကောက်မြို့ Chatuchakမြို့နယ်ခွဲ ရှိ ပြိုကျသည့် အဆောက်အအုံနှင့် ပတ်သက်သည့် အချက်အလက်များကို စုံစမ်းစစ်ဆေးသူများထံ တင်ပြပေးရန် တောင်းဆိုထားသည်ဟု The Nation သတင်းကဧပြီ၈ရက်တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်စဉ်အတွင်း ပြိုကျခဲ့သော နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး (SAO) အတွက် ရုံးချုပ်အသစ် ဆောက်လုပ်ရန် ဘတ်ငွေ ၂.၁ ဘီလီယံတန် စာချုပ်ကို ကုမ္ပဏီက ပေးအပ်ခဲ့သည်။ (more…)
Read More
ထိုင်းက စောချစ်သူကို ဖမ်းဝရမ်း မထုတ်နိုင်သေး

ထိုင်းက စောချစ်သူကို ဖမ်းဝရမ်း မထုတ်နိုင်သေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ နယ်စပ်ဖြတ်ကျော်တရားမ၀င်စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် မြန်မာ့ BGF ခေါင်းဆောင် စောချစ်သူအား ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှ တာဝန်ရှိသူများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အမှတ်(၁ )ရုံးမှ ရှေ့နေများ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးပြီးနောက်ဆုံးဖြတ်ချက်မချနိုင်ခဲ့ဟု The Nation သတင်းက ဖေော်ဝါရီ ၂၁ ရက်ကဖော်ပြသည်။ (more…)
Read More
လူကုန်ကူးခံရသူများ ရွှေကုက္ကိုလ်မှထိုင်းသို့ ရာနှင့်ချီ လွတ်မြောက်ရန်ရှိ

လူကုန်ကူးခံရသူများ ရွှေကုက္ကိုလ်မှထိုင်းသို့ ရာနှင့်ချီ လွတ်မြောက်ရန်ရှိ

ဖေဖော်ဝါရီ ၁၅၊၂၀၂၅ သောင်ရင်းသတင်းလွှာ နယ်ခြားစောင့်တပ် (BGF/KNA) မှ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ (BGF/KNA) က တရားမ၀င် အွန်လိုင်းလုပ်ငန်းများနှင့် လိမ်လည်သည့်ကွန်ရက်များကို တိုက်ဖျက်ရာတွင် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုထားကြောင်း ထိုင်းလုံခြုံရေး အရာရှိများကဖေဖေါ်ဝါရီ ၁၅ ရက်ကသတင်းထုတ်ပြန်သည်ဟု Khosod သတင်းဌာနကဖော်ပြသည်။ အဆိုပါ ကတိကဝတ်ကို ချက်ခြင်းလက်ငင်း သရုပ်ပြရာတွင် BGF တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် တာ့ခ်ခရိုင် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဝမ်ကော်ကျေးရွာ နှင့်မျက်နှာချင်းဆိုင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းရှိ ကိုးထပ်စက်ရုံတွင် နိုင်ငံခြားသား ၆၀၀ ကျော်ကို စတင်စစ်ဆေးခဲ့သည်ဟုသတင်းဆိုသည်။ (more…)
Read More