FMR

ပြန်လည်ပြင်ဆင်ထားသည့် FMRစနစ်အောက်တွင်အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဂိတ်ပေါင်း ၂၂ ဂိတ်စတင်ဖွင့်လှစ်

ပြန်လည်ပြင်ဆင်ထားသည့် FMRစနစ်အောက်တွင်အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဂိတ်ပေါင်း ၂၂ ဂိတ်စတင်ဖွင့်လှစ်

ဖေဖော်ဝါရီ ၁၄၊၂၀၂၅ / သောင်ရင်းသတင်းလွှာ ပြန်လည်ပြင်ဆင်ထားသော Free Movement Regime (FMR) သဘောတူညီချက်အရ မြန်မာနယ်စပ်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ် ၄၃ ခုအနက် ၂၂ ခုသည် စတင်လည်ပတ်နေပြီဟု အန္ဒိယအစိုးရအကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်ကပြောကြားခဲ့သည်ဟု The Hindustan သတင်းကဖော်ပြသည်။ အိန္ဒိယ-မြန်မာနယ်စပ်မှ ၁၀ ကီလိုမီတာအတွင်း နေထိုင်ကြသည့် လူများသွားလာမှုကို ထိန်းညှိရန်အတွက် မဏိပူရပြည်နယ်ရှိ နယ်စပ်ဂိတ် ၁၀ ခုထက်မနည်းသည် စတင်လည်ပတ်နေပြီဖြစ်ပြီး မီဇိုရမ်ပြည်နယ်နှင့် နာဂလန်းပြည်နယ်တို့ရှိ ဂိတ်ငါးခုနှင့် Arunachal Pradeshအရုနာချယ်ပရာဒက်ချ်ပြည်နယ်ရှိ ဂိတ် ၂ ခုတို့လည်းစတင်လည်ပတ်နေကြပြီဖြစ်သည်။ နယ်စပ်နေထိုင်သူများ၏ သွားလာလှုပ်ရှားမှုကိုစည်းကမ်းကန့်သတ် ထိန်းညှိရန်အတွက် လမ်းညွှန်ချက်အသစ်များကို ယခင်နှစ်ဒီဇင်ဘာ ၆ ရက်တွင် ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးဌာနကအပြီးသတ်ရေးဆွဲခဲ့ပြီး QR ကုဒ်ဖြင့် ဖြတ်သန်းခွင့်ပြုခဲ့သည်။ (more…)
Read More