Global Times

ကမ္ဘောဒီးယားနိုင်ငံမှ ဟွန်ဆန်နှင့် မြန်မာစစ်အစိုးရက အမေရိကန် ရန်ပုံငွေဖြင့်ရပ်တည်နေသောမီဒီယာများ ပိတ်သိမ်းခြင်းအား ဝမ်းသာဂုဏ်ပြုနေ

ကမ္ဘောဒီးယားနိုင်ငံမှ ဟွန်ဆန်နှင့် မြန်မာစစ်အစိုးရက အမေရိကန် ရန်ပုံငွေဖြင့်ရပ်တည်နေသောမီဒီယာများ ပိတ်သိမ်းခြင်းအား ဝမ်းသာဂုဏ်ပြုနေ

မတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖက်ဒရယ်ရန်ပုံငွေကို ဖြတ်တောက်ပြီးRFA အပါအဝင် အမေရိကန်ထောက်ပံ့ထားသည့် အသံလွှင့်ဌာနများကိုထောက်ပံ့မှုဖြတ်တောက်ရန်ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းမတ်လ ၁၇ ရက်နေ့ တွင် ပြောကြားခဲ့သည်ဟု The Diplomact စာမျက်နှာကဖော်ပြသည်။ ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်တွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင်Trump နှင့် သူဓာတ်ပုံတွဲရိုက်ထားသည့် သူ့ Facebook စာမျက်နှာ၌ ပို့စ်တစ်ခုတင်ရာတွင် “အမေရိကန်အစိုးရ ထောက်ပံ့ထားတဲ့ သတင်းကွန်ရက်တွေကနေပြီးသတင်းအတုတွေကို တိုက်ဖျက်ဖို့ ကမ္ဘာကို ဦးဆောင်နိုင်တဲ့ သတ္တိရှိတဲ့အတွက် အမေရိကန်သမ္မတကို ချီးကျူးပါတယ်"ဟုဆိုခဲ့သည်။ (more…)
Read More