Ibrahim Khairat

ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးကိစ္စအတွက် OIC ၏ ဆယ်နှစ်တာစီမံချက် တွင် ပါဝင်ရန် ဘင်္ဂလားဒေ့ချ်မှ တောင်းဆိုခဲ့

ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးကိစ္စအတွက် OIC ၏ ဆယ်နှစ်တာစီမံချက် တွင် ပါဝင်ရန် ဘင်္ဂလားဒေ့ချ်မှ တောင်းဆိုခဲ့

ဖေဖော်ဝါရီ ၁၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ရိုဟင်ဂျာများ မြန်မာနိုင်ငံရှိ ၎င်းတို့၏နေရပ်ပြန်ပို့ရေးကိစ္စအတွက်အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC )၏ ဆယ်နှစ်တာစီမံချက် (၂၀၂၆-၂၀၃၅) တွင် ပါဝင်ရန် ဘင်္ဂလားဒေ့ချ်နိုင်ငံမှ တောင်းဆိုခဲ့သည်ဟု BSS News ကဖေဖော်ဝါရီ ၁၆ ရက်ကဖော်ပြသည်။ OIC အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Ibrahim Khairat က ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရေး ၀န်ကြီးဌာနအတွင်းဝန် Md. Jashim Uddin အား ဖေဖော်ဝါရီ ၁၅ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဂါရဝပြု နှုတ်ဆက်စဉ် အတွင်းဝန်ကထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More