ICC

စစ်ခေါင်းဆောင်ကို ICC ကို လွှဲပြောင်းရေး ဆန္ဒပြဖို့ စီစဉ်နေချိန် ရုန်းရင်းဆန်ခတ်ဖြစ်

စစ်ခေါင်းဆောင်ကို ICC ကို လွှဲပြောင်းရေး ဆန္ဒပြဖို့ စီစဉ်နေချိန် ရုန်းရင်းဆန်ခတ်ဖြစ်

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးသင့်ကြောင်း ထိုင်းအခြေစိုက် မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားတဲ့ Bright Future အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန်မှာပဲ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းတွေက ရေးသားထားပါတယ်ဟု BBC သတင်းကဆိုသည်။ (more…)
Read More
ဒူတာတေးဖမ်းဆီးခံရမှု ICC ကို ဦးခင်ရီ ဝေဖန်

ဒူတာတေးဖမ်းဆီးခံရမှု ICC ကို ဦးခင်ရီ ဝေဖန်

မတ်လ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဝရမ်းထုတ်ဖမ်းဆီး အရေးယူခဲ့တာက ICC အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံရဲ့ အချုပ်အခြားအာဏာနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စော်ကားတာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီက ဝေဖန်လိုက်တယ်လို့ BBC သတင်းကမတ်လ ၂၀ရက်ကဖော်ပြပါတယ်။ “အဖွဲ့ဝင်မဟုတ်တော့တဲ့ နိုင်ငံအပေါ်မှာ တရားရေးအရ အကျိုးသက်ရောက်မှုရအောင်ယူတာ မှားနေတယ်” လို့ပြောပြီး ICC ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် ကမ္ဘာမှာ မှတ်တမ်းတင်သွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ရေးစီစဉ်နေဆဲကာလမှာ ဒူတာတေးဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ICC ကို ဦးခင်ရီ ဝေဖန် လာတာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဒူတာတေးကို သူတာဝန်ထမ်းဆောင်ချိန်တုန်းက ဆောင်ရွက်ခဲ့တဲ့ မူးယစ်နှိမ်နင်းရေးစစ်ပွဲတွေမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICC က ဝရမ်းထုတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ICC လက်အောက်က တရားစွဲတာနဲ့ စစ်‌ဆေးတဲ့လုပ်ငန်းတွေကိုလုပ်တဲ့ Office of the prosecutor အဖွဲ့ကလည်း အင်တာပို(နိုင်ငံတကာရဲတပ်ဖွဲ့)နဲ့ ပေါင်းပြီးဆောင်ရွက်တဲ့အခါမှာလည်း Notice စာတွေထုတ်တာက လက်တွေ့နဲ့ ဆန့်ကျင်နေတယ်လို့ ဦးခင်ရီက ထပ်ပြောပါတယ်။ “သက်ဆိုင်ရာနိုင်ငံအစိုးရ ရဲတပ်ဖွဲ့နဲ့ ဆက်စပ်ပြီးမှ ဖမ်းလို့ရတာကြောင့် လမ်းကြောင်းလွဲနေတယ်” လို့ သူကဆိုပါတယ်။ ဒါ့အပြင် ICC ရဲ့ ဆောင်ရွက်ချက်တွေဟာ အာဖရိကနဲ့ အာရှနိုင်ငံတွေပေါ်မှာပဲ သက်ရောက်မှုရှိပြီး တချို့နိုင်ငံတွေမှာ သက်ရောက်မှုရှိမနေဘူးလို့ ဦးခင်ရီက ပြောပါတယ်။
Read More
BBC သတင်းဌာန၏ အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

BBC သတင်းဌာန၏ အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

ဖေဖော်ဝါရီ ၁၇၊၂၀၂၅ ။ သောင်ရင်းသတင်းလွှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဒီစွဲချက်နဲ့ အမှုကို ၂၀၁၉ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိကြီး/ငယ် ၂၁ ဦးက ဖမ်းဝရမ်းထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထဲမှာ အဲဒီ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါ၀င်နေပါတယ်။ ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းက စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို ဝရမ်းထုတ်မှုက ဘယ်လိုသဘောဆောင်လဲ။ (more…)
Read More